Home
မြန်မာသတင်း
ကိုယ်အင်္ဂါမသန်စွမ်းသူများ လုပ်ငန်းခွင်ဝင်နိုင်ရန် အသိအမှတ်ပြု မှတ်ပုံတင်ထုတ်ပေးစေလို
သူဇာလင်း
·
June 11, 2019
62310398_2509653755725386_3860242040717574144_o
ကိုယ်အင်္ဂါမသန်စွမ်းသူတွေ လုပ်ငန်းခွင်ဝင်တဲ့ အချိန်မှာ အထောက်အကူပြုဖို့နဲ့ ကျန်းမာရေးကဏ္ဍမှာ အထောက်အကူဖြစ်စေဖို့အတွက် အသိအမှတ်ပြု မှတ်ပုံတင်ထုတ်ပေးဖို့ လိုအပ်နေတယ်လို့ ကိုယ်အဂါင်္မသန်စွမ်းသူများအရေး ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။ ဇွန်လ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ရုံးမှာကျင်းပတဲ့ အစည်းအဝေးပွဲမှာ ပြောကြားလိုက်တာပါ။ အသိအမှတ်ပြု မှတ်ပုံတင်ထုတ်ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ နေပြည်တော်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ကျင်းပမယ့် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီရဲ့ အစည်းအဝေးပွဲမှာ ထည့်သွင်း တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တဲ့ ကိုယ်အင်္ဂါ မသန်စွမ်းသူတွေ တက္ကသိုလ် ဝင်ခွင့်လျှောက်ထားတဲ့ အချိန်မှာ အဆင်ပြေစေဖို့နဲ့ ကိုယ်အင်္ဂါမသန်စွမ်းကလေးငယ်တွေ မူကြိုအရွယ်နဲ့ ကျောင်းအပ်တဲ့အချိန်မှာ လက်ခံပေးဖို့အချက်တွေပါ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် ကိုယ်အင်္ဂါမသန်စွမ်းသူတွေအသုံးပြုတဲ့ အထောက်အကူပစ္စည်းဝှီးချဲ ၊ ဂျိုင်းထောက်နဲ့ ခြေတုတွေ အရည်အသွေးကောင်းမွန်ပြီး အလွယ်တကူဝယ်ယူရရှိနိုင်ဖို့ အခွန်ကောက်ခံတာတွေ လျော့ပေးဖို့ကိုလည်း တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ကိုယ်င်္ဂါမသန်စွမ်း၊ အကြားအာရုံမသန်စွမ်း၊ အမြင်အာရုံမသန်စွမ်းနဲ့ ဉာဏ်ရည်မသန်စွမ်းသူပေါင်း အယောက် ၂၃ သိန်းရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024