Home
မြန်မာသတင်း
မန္တလေး အောင်မြေသာစံမြို့နယ်တွင် မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင် အမြောက်အမြားဖမ်းမိ
DVB
·
June 10, 2019
62436997_885080758523355_3042722035563233280_n
62017576_885080715190026_3908289491965575168_o
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က အငှားအိမ်​ယာတိုက်ခန်းတခုကို မူးယစ်​​ကျော်​​ဇော သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ မူးယစ်ဆေးဝါးတွေ မတွေ့ရှိရဘဲ မှတ်​တင်​ပုံတွေ၊ ယာဉ်မောင်း လိုင်စင်တွေနဲ့ ယာဉ်မှတ်ပုံတင်စာအုပ်  အမြောက်အမြား ဖမ်းဆီးရမိပါတယ်။ ​အောင်​​မြေသာစံမြို့နယ်​၊ ၁၉ လမ်းနဲ့ လမ်း ၂၀ကြား၊ စံပယ်အငှားအိမ်​ရာ၊ အ​ဆောင်​ ၂၊ တိုက်​ခန်းအမှတ် ၁၂​ကို ဇွန်​လ ၉ ရက်​​မနက်  ၅ နာရီခန့်က မန္တ​လေးတိုင်း​ မှုခင်း နှိမ်​နှင်း​ရေးတပ်​ဖွဲ့နဲ့ နယ်မြေရဲစခန်းက တာဝန်​ရှိသူတွေ ပူးပေါင်းရှာ​ဖွေခဲ့တာလို့ အမှတ်​ ၅ မြို့မရဲစခန်းကနေ သိရပါတယ်။ အဆိုပါတိုက်​ခန်းအတွင်းရှာ​ဖွေတဲ့အခါ နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၃)ခု၊ ယာဉ်မောင်း လိုင်စင်(၅၈)ခု၊ ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် (၀ှီးတက်​) (၈၅)ခု၊ မော်တော်ယာဉ်မှတ်ပုံ တင်စာအုပ်နဲ့ အာမခံပရီမီယံစာအုပ်(၄၀)ခု၊ ဆိုင်​ကယ်​နှစ်​စီးတို့ကို တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ အမှတ် ၅ မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက "ခိုးမှု၊ မသင်္ကာမှု ဖွင့်ထားတယ်။ တိုင်း ဒ.န.က ဦးဆောင်ပြီးဖမ်းတာ''လို့ ပြောပါတယ်။ အခုလို ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်ပြီး တိုက်ခန်းအတွင်းမှာ နေထိုင်တဲ့ မဇာ(ခ) ​နေဇာလှိုင်နဲ့ ဖြိုးကိုတို့ကို (ပ)၄၈၇/၂၀၁၉၊ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၇၉/ကျင့် ​၅၄အရ အမှတ်​ ၅ မြို့မရဲစခန်းမှာ အမှုဖွင့်လှစ်အ​ရေးယူထားပါတယ်။ သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ- ရဲတပ်ဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024