နယူးကာဆယ်ကို ဘီလျံနာ ရှိတ်ခါလဒ် ဝယ်ယူပါက မော်ရင်ဟို နည်းပြဖြစ်လာနိုင်

ဘီလျံနာသူဌေး ရှိတ်ခါလဒ်သာ နယူးကာဆယ်အသင်းကို ပေါင်သန်း ၃၅၀ နဲ့ ဝယ်ယူခဲ့မယ်ဆိုရင် နည်းပြသစ်ဟာ ဟိုဆေးမော်ရင်ဟို ဖြစ်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ ဆာဘော်ဘီရော့ဘ်ဆင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေသလို စပို့တင်းလစ္စဘွန်း၊ ပေါ်တို၊ ဘာစီလိုနာ အစရှိတဲ့ အသင်းတွေမှာ အလုပ်တွဲလုပ်ခဲ့ဖူးတာကြောင့် နယူးကာဆယ်နဲ့လည်း မဝေးတဲ့ဆက်ဆံရေး ရှိနေပါတယ်။ ဒါ့ကြောင့် လက်ရှိနည်းပြ ဘင်နီတက်ဇ်ကတော့ အနာဂတ်မသေချာ မရေရာတဲ့ အခြေအနေမှာ ရှိနေပြီး အသင်းကနေ ထွက်ခွာရဖို့ များနေပါတယ်။ အရှေ့အလယ်ပိုင်းစော်ဘွား သူဌေးတဦးဖြစ်တဲ့ ခါလဒ်ဟာ နောက်ထပ် ပရီးမီးယားလိဂ် ပစ်မှတ် အသင်းတသင်းဖြစ်တဲ့ နယူးကာဆယ်အသင်းကို ဝယ်ယူပြီး ဘောလုံးကွန်ရက်ကို ထပ်မံချဲ့ထွင်ဖို့ ပြင်ဆင်နေတာပါ။ မော်ရင်ဟိုဘက်ကလည်း နယူးကာဆယ်အသင်းကို ကိုင်တွယ်ဖို့ ငြင်းဆန်ထားခြင်း မရှိသလို ဘောလုံးကွင်းကို သဘောကျပြီးတော့ ပရိသတ်တွေကို သဘောကျကြောင်း၊ အသင်းကိုလည်း နောက်ထပ်တဆင့်မြင့်တဲ့ အခြေအနေကို ပို့ဆောင်ပေးချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up