ချောက်မြို့ ကျောင်းဈေးတန်း အရုပ်ရောင်းချမှုများ စစ်ဆေးတားမြစ်မည်

မကွေးတိုင်းဒေသကြီး ချောက်မြို့ စာသင်ကျောင်းဈေးတွေမှာ အရုပ်တွေ ရောင်ချနေတာဟာ ကျောင်းသား၊ကျောင်းသူ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ အာဟာရကို ထိခိုက်နိုင်တာကြောင် အသိပညာပေးပြီး စစ်ဆေးတားမြစ်သွားမယ်လို့ မြိုနယ်စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှုး ဦးမျိုးဝင်းက ပြောပါတယ်။ “အရုပ်မရောင်းရ ဥပဒေမရှိပေမယ့် ကျောင်းတွေကို ကျောင်းကျန်းမာရေးအဖွဲ့နဲ့ လိုက်စစ်ဆေးချိန် တွေ့ရင်တော့ ကစားစရာဆိုရင် ​တွေ့တဲ့​ကျောင်းက ​ကျောင်​အုပ်​၊​ ကျောင်းအကျိုး​တော်​​ဆောင်​​ကော်​မတီ​တွေနဲ့ တိုင်​ပင်​ပြီး တားမြစ်​သွားမယ်​။  တခါတလေ ဇီးမှုန့်နဲ့ မဲလိုဟာတွေလည်း ပါတယ်။ အဲဒါတွေကလည်း ကလေးတွေကို လောင်းကစား စိတ်ဝင်သွားနိုင်သလို ကစားစရာတွေကလည်း ပေးလိုက်တဲ့ မှုန့်ဖိုး အာဟာရဖြစ်တဲ့ အစားအစာ မစားတော့ဘဲ ကုန်သွားမယ်၊ စာသင်တာ စိတ်မဝင်စားဘဲ ဒီထဲစိတ်ဝင်စားနေတော့ ပညာရေးလည်း ထိခိုက်နိုင်တယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင်တော့ စီးကရက်ဘူးပုံစံနဲ့ တရုတ်ကလာတဲ့ ချိုချဉ်တွေကို တွေ့ရင်သိမ်းတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ကျောင်းသားမိဘ တဦးကလည်း “ကလေးကို ကျောင်းမုန့်ဖိုးပေးလိုက်တာ ကျောင်းက အရုပ်ရောင်းတော့ မုန့်မစားဘဲ အရုပ်ဝယ်နေရင် ကလေးက အာဟာရဖြစ်တဲ့ အစားအစာ စားဖြစ်မှာ မဟုတ်တော့ဘူး၊ အဲဒါအပြင် တရုတ်စာ နဲ့ မုန်တွေ ဘာ​တွေမှန်းမသိတာ​တွေ တခါတခါ တွေ့နေရသေးတယ်” လို့ပြောပါတယ်။ ချောက်​မြို့နယ်​ စာသင်​​ကျောင်း​ ​ကျောင်းဈေးတန်းတွေမှာ စားသုံးသူရေးရာဦးစီးဌာနနဲ့ ကျောင်းကျန်းမာရေးအဖွဲ့ ပူပေါင်းပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးသွားဖို့လည်း ဆောင်ရွက်နေတယ်လို့ စားသုံးသူရေးရာဦးစီးဌာနက သိရပါတယ်။ ကိုလင်း(ချောက်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up