Home
မြန်မာသတင်း
တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
DVB
·
June 8, 2019
၂၀၁၈-၂၀၁၉ ခုနှစ် မတ်လအတွင်းမှာ ကျင်းပစစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းတွေကို ဒီနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အောင်စာရင်းတွေကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းတွေမှာ တချိန်တည်း ကပ်ထားပေးပြီး ည ၁၀ နာရီကတည်းက လာရောက်စောင့်ဆိုင်းနေတဲ့ ကျောင်းသားတွေ ကျောင်းသားမိဘတွေနဲ့ များပြားခဲ့ပါတယ်။ ဒီနှစ်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက်ရာခိုင်နှုန်းနည်းပါးခဲ့ပေမယ့် တချို့ကျောင်းတွေမှာတော့ ကျောင်းအလိုက် အောင်ချက်ရာခိုင်နှုန်းများတယ်လို့ အထက ၄ ပုဇွန်တောင်က ဆရာမတဦးကပြောပါတယ်။ ဒါ့အပြင် အင်းစိန်မြို့နယ် အမှတ်( ၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း၊ စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနဲ့ သင်္ကန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွေမှာ တိုင်းဒေသကြီး ပြည်နယ်တွေရဲ့  အောင်စာရင်းတွေကို ကပ်ထားပေးပါတယ်။ သွားရောက်ကြည့်ရှုဖို့ ခက်ခဲတဲ့ ကျောင်းသူကျာင်းသားတွအနေနဲ့ ပညာရေးဝန်ကြီးဌာန Website မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး တိုင်းရင်းသားဒေသတွေမှာတော့ FM ကနေတဆင့် အောင်စာရင်းတွေ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ သတင်း၊ဓာတ်ပုံ - ခိုင်ပန်းနု
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024