Home
အနုပညာ
ပြိုင်ပွဲဝင် ၈ ယောက် အကြိတ်အနယ်ယှဉ်ပြိုင်ကြရမည့် The Voice Myanmar Semi Final ည
DVB
·
June 7, 2019
ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို ကျင်းပ လာခဲ့တာဟာ ခုတပတ်မှာတော့ Semi Final အဆင့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Blind Audition၊ Battle Round၊ KnockOut Round နဲ့ Liveshow စတဲ့ ပြီးစီးခဲ့တဲ့ ပြိုင်ပွဲတွေတလျှောက်မှာတော့ ထူးခြားပြီး အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တွေများစွာ ပါဝင်ခဲ့ပြီး လာမယ့် ဇွန်လ ၉ ရက်နေ့မှာတော့ Semi Final အဆင့်ကို ဖြတ်ကျော်ကြရတော့မှာပါ။ အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ ခုလာမယ့် Semi Final အဆင့်မှာ Coach ၄ ယောက်ရဲ့ အဖွဲ့တဖွဲ့စီက ပြိုင်ပွဲဝင် ၂ ဦးစီနဲ့ ၈ ယောက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ Coach R. ဇာနည်ရဲ့ အဖွဲ့မှာတော့ လင်းခက်နဲ့ Paul Austin၊ Coach ကျားပေါက်ရဲ့ အဖွဲ့မှာတော့ နိုဗန်ထူးနဲ့ ညိုမီမီထွန်း၊ Coach ရန်ရန်ချန်းရဲ့ အဖွဲ့မှာတော့ Melody Khong နဲ့ Solomon King၊ Coach နီနီခင်ဇော်ရဲ့ အဖွဲ့မှာတော့ Hazel နဲ့ Nicholas Pasangma တို့က ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ခုယှဉ်ပြိုင်ကြမယ့် Semi Final အဆင့်ကနေ Grand Final အဆင့်ကိုတော့ ၈ ယောက်ထဲက ၄ ယောက်ကသာ တက်ရောက်သွားနိုင်မှာ ဖြစ်တာမို့ တကယ့်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကြရမယ့် ပြိုင်ပွဲဖြစ်လာနေတာပါ။ သူတို့ကို Vote ပေးရွေးချယ်နိုင်မယ့် Voting နံပါတ်တွေကိုလည်း ဖော်ပြထားခဲ့ပြီး Main Sponsor အနေနဲ့ တာဝန်ယူထားတဲ့ MPT ကလည်း ဒီပြိုင်ပွဲဝင် ၈ ယောက်ထဲက Grand Final အဆင့်ကို တက်ရောက်နိုင်မယ့် ၄ ယောက်ကို ခန့်မှန်းသူတွေကို လက်ဆောင်ပေးမယ့် အစီအစဉ်တွေကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။ ခုလာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင် ၈ ယောက်ကို မဲပေးရွေး ချယ်နိုင်မယ့် Voting နံပါတ်တွေနဲ့အတူ သူတို့ရဲ့ ပြိုင်ပွဲတွေတလျှောက်ယှဉ်ပြိုင်ခဲ့တဲ့ သီချင်းတွေကို ဖော်ပြပေး လိုက်ပါတယ်။ သူတို့ထဲက ဘယ်သူတွေက Grand Final အဆင့်ကို တက်ရောက်သွားနိုင်မလဲ၊ ဘယ်သူ တွေကတော့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာရမလဲဆိုတာကိုတော့ လာမယ့် တနင်္ဂနွေနေ့ညမှာ ပရိ သတ်တွေ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ လင်းခက်(55516) Blind Audition(ထူးအိမ်သင်-ညီမလေး) Battle Round(လေးဖြူ-ရူးချင်ယောင်ဆောင်မနေနဲ့) KnockOut Round(ထူးအိမ်သင်-တနေ့စာအလွဲများ) Liveshow(အောင်ရင်-အဖေ့စကား) Paul Austin(55513) Blind Audition(Adele-When We Were Young) Battle Round(Calum Scott-You Are The Reason) KnockOut Round(R. ဇာနည်-နောက်ဆုံးရင်ခွင်) Liveshow(ဖိုးကာ-လမ်းခွဲ) နိုဗန်ထူး(55506) Blind Audition(Slipknot-Spit It Out) Battle Round(လေးဖြူ-အသုံးမကျတဲ့ နှင်းဆီ) KnockOut Round(Linkin Park-Faint) Liveshow(Slipknot-Wait and Bleed) ညိုမီမီထွန်း(55505) Blind Audition(ဆုန်သင်းပါရ်-အမြဲတမ်းမင်းရှိတယ်) Battle Round(သာဒီးလူ-ဂျူဒီ) KnockOut Round(Britney Spears-Toxic) Liveshow(လေးဖြူ-ငါ့ရဲ့လမင်း) Melody Khong(55512) Blind Audition(၀ိုင်းလေး-Goodbye) Battle Round(တင်ဇာမော်-သိပ်ချစ်ရင်ခါးမယ်) KnockOut Round(Rihanna-Where Have You Been) Liveshow(Shine-The Old You) Solomon King(55509) Blind Audition(Elvis Presley -Can't Help Falling In Love) Battle Round(Pentatonix-Hallelujah) KnockOut Round(ကော်နီ-ဆေး) Liveshow(The Righteous Brothers- Unchained Melody) Hazel(55503) Blind Audition(ချောစုခင်-ကိုယ့်အတွက်အိပ်မက် မင်းမက်လား) Battle Round(တင်ဇာမော်-သိပ်ချစ်ရင်ခါးမယ်) KnockOut Round(ဖြူဖြူကျော်သိန်း-မိုးရေစက်များ) Liveshow(တင်ဇာမော်-ဘုံ) Nicholas Pasangma(55502) Blind Audition(Ed Sheeran-Perfect) Battle Round(တင်ဇာမော်-ဧည့်သည်) KnockOut Round(R. ဇာနည်-ပြန်လာပြီ) Liveshow(Lady Gaga&Bradley Cooper- Shallow)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024