Home
မြန်မာသတင်း
ပွင့်ဖြူမြို့နယ်​တွင် မိုးရွာသွန်းပြီးနောက် ​မြေလွှာအက်​ကွဲ​ကြောင်းများဖြစ်​​ပေါ်နေ
DVB
·
June 6, 2019
62230208_2067404796894304_3626736613138104320_n
61869615_2067404740227643_3003504933996593152_n
61843441_2067404766894307_4501338352858955776_n
61825811_2067404840227633_7073597105406738432_n
မ​ကွေးတိုင်း​ဒေသကြီး၊ ပွင့်ဖြူမြို့နယ်​ မရိုးကုန်း​ကျေးရွာမှာ ဇွန်​လ ၂ ရက်​​က ရွာသွန်းခဲ့တဲ့ မိုး​ကြောင့် လူနေအိမ်​​ခြေ ၂၀ လောက်ရဲ့ ​ဘေးပတ်​ဝန်းကျင်​မှာ ​မြေလွှာအက်​ကွဲ​ကြောင်းကြီး​တွေ ဖြစ်​​ပေါ်နေပါတယ်။ မကွေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ရဲ့ တာဝန်​​ပေးချက်​အရ မန်း​ရေနံ​မြေ ဘူမိ​ဗေဒအရာရှိ ဦးလတ်​​မောင်​​မောင်​နဲ့ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊ မြို့နယ်​ရဲတပ်​ဖွဲ့မှူးနဲ့ ဌာနဆိုင်​ရာဝန်​ထမ်း​တွေက လိုအပ်​ရင် နေအိမ်​​တွေ​ရွှေ့​ပြောင်း​ပေးဖို့ အဆိုပါရွာကို မနေ့က သွား​ရောက်​စစ်​​ဆေးခဲ့ပါတယ်​။ မင်းဘူးခရိုင်​အုပ်​ချုပ်​​ရေးမှူး ဦးဆန်း​ဌေးက “ကမ်းပါးပြိုတာမဟုတ်​ဘဲ ကမ်းပါးနဲ့ ​ဝေးတဲ့​နေရာ​တွေမှာ အက်​ကွဲ​ကြောင်း​တွေ​ပေါ်တာဖြစ်​တယ်။ သဲ​တွေ​မြေ​တွေ ဖို့ထားပြီးဖြစ်​တဲ့ အတွက်​ မြင်​ကွင်းမရှင်း​တော့လို့ ​မြေမဖို့်​သေးတဲ့​နေရာ​တွေ ရှာ​ဖွေစစ်​​ဆေးခဲ့ရတယ်​။ ပညာရှင်​​တွေ ပြောပြတာက​တော့ ဒီနှစ်​မှာ ​နေပူ တအားပြင်းပြီး ​ရေဓာတ်​ခမ်း​ခြောက်​တဲ့အချိန်​ မိုးရွာချလိုက်​​တော့ ​မြေ​အောက်​ကွဲ​ကြောင်း​တွေက​နေ ​ရေဝင်​ပြီး ​မြေလွှာအက်​ကွဲတာပါ။ ဒေသခံ​တွေ စိုးရိမ်​​နေ သလိုမျိုး ​နေအိမ်​​တွေ ကျွံကျတာမျိုးမဖြစ်​နိုင်​ဘူးလို့ ပညာရှင်​​တွေက​ပြောပြချက်​အရ သိရတယ်​"လို့ ပြောပါတယ်​။ ​မြေလွှာအက်​ကွဲလို့ ​ရွှေ​ပြောင်းလိုတဲ့သူ​တွေကို ရွှေ​ပေးဖို့ စီစဉ်​​နေပြီး အစိုးရအဖွဲ့ အ​ထောက်​အပံ့နဲ့ ​မြေ​နေရာရရှိ​အောင်​ ​ဆောင်​ရွက်​​နေတယ်လို့လည်း ပြောပါတယ်။   မရိုးကုန်း​ကျေးရွာမှာ အိမ်​​ထောင်​စု ၂၈၀ လောက်နေထိုင်​ကြကာ နှစ်​စဉ်​ မုန်း​ချောင်း​ရေတိုက်​စားပြီး ကမ်းပါးပြိုတဲ့အတွက်​ ​နေအိမ်​​တွေ​ရွှေ့​ပြောင်း​နေရတာပါ။ ဒီနှစ်မှာလည်း  ကမ်းန​ဘေးမှာရှိတဲ့ ​နေအိမ်​ ၃၀ ကျော်၊ မူကြို​ကျောင်း ၁ကျောင်းနဲ့ ဓမ္မာရုံ တရုံ ရွှေ​ပြောင်း​ပေးရဖို့ ရှိနေပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024