ရန်ကုန်လမ်းတံတား၊ မီးနှင့်ရေအတွက် ကျပ်သန်းပေါင်း နှစ်သိန်းကျော်သုံးစွဲ
ဇေယျာချမ်းအေး
·
June 5, 2019
၂၀၁၈ ခုနှစ်အတွင်း လမ်းတံတား လျှပ်စစ်မီးနဲ့ သောက်သုံးရေ အတွက်ငွေကျပ်သန်းပေါင်း နှစ်သိန်းကျော်အသုံးပြုခဲ့တယ်လို့ ရန်ကုန်တိုင်းအစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ တတိယတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအတွင်း လမ်းလုပ်ငန်းတွေအတွက် ငွေကျပ် သန်းပေါင်း ၅သောင်းကျော်၊ တံတားလုပ်ငန်းတွေအတွက်ငွေကျပ် သန်းပေါင်း ၁၁၀၀ ကျော်၊ မီးလုပ်ငန်းအတွက် ငွေကျပ်သန်းပေါင်း ၆၈၀၀ ကျော်နဲ့ ရေရရှိရေးအတွက် ငွေကျပ်သန်းပေါင်း ၆၄,၀၀၀ ကျော် စုစုပေါင်းငွေကျပ်သန်းပေါင်း နှစ်သိန်းကျော် အသုံးပြုခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။