မင်းသားဝေဠုကျော် တရားရုံးကို လာရောက်နိုင်ခြင်းမရှိသဖြင့် ရုံးချိန်းထပ်မံချိန်းဆို
DVB
·
June 5, 2019
ကာမလိမ်လည်ရယူမှုနဲ့ တရားစွဲခံထားရတဲ့ သရုပ်ဆောင် မင်းသားဝေဠုကျော် ဒီကနေ့ ရုံးချိန်းကို ခွင့်တင်ထားပြီး လာရောက်နိုင်ခြင်းမရှိလို့ ဇွန်လ ၁၉ ရက်နေ့ကို ပြန်လည်ချိန်းဆို ခဲ့ပါတယ်။
သရုပ်ဆောင် ဝေဠုကျော်ဟာ အလှမယ်သင်းသင်းထံက ကာမလိမ်လည်ရယူခဲ့တယ်ဆိုပြီး သင်္ဃန်ကျွန်းမြို့နယ်တရားရုံးမှာ တရားစွဲခံနေရတာဖြစ်ပြီး တရားရုံးက ဝေဠုကျော်ကို ငွေကျပ်သိန်း ၅၀ နဲ့ အာမခံပေးထားပါတယ်။
ဝေဠုကျော်ကတော့ လတ်တလောမှာ ပရဟိတအဖွဲ့သားတွေနဲ့ ရခိုင်ပြည်နယ်၊ ရသေ့ တောင်မြို့နယ်၊ စေတီပြင်ကျေးရွာဆီ သွားနေကြတာဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် မျက် နှာပေါ်မှတဆင့် ဒီခရီးစဉ်ကို လိုက်ဖ်လွှင့်ထားခဲ့တာ ဖြစ်ပါတယ်။