Live
Home
မြန်မာသတင်း
စာရေးဆရာမာန် (တောင်လုံးပြန်) ကို တပ်မတော်က တရားစွဲမည်
DVB
·
June 5, 2019

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ မေလ ၉ ရက်က ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ စာရေးဆရာ မာန်ရဲ့ ဟောပြောချက်တွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာ ထိပါးစေတယ်လို့ယူဆပြီး ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် က မြိတ်မြို့နယ် တရားရုံးမှာ မနေ့က ဦးတိုက်လျောက်ထားလိုက်ပါတယ်။

ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက “စစ်အစိုးရက တိုင်းပြည်ကို အနှစ် ၂၀ အုပ်ချုပ်ပြီးတော့မှ တိုင်းပြည်က ရစရာ မရှိတော့တာကို သူတို့က ထားစရာမရှိအောင် ချမ်းသာသွားကြတယ်။ တပ်မတော်ဟာ ဒီမိုကရေစီမရှိဘူး။ ဒီမိုကရေစီမရှိတဲ့သူတွေက ဒီမိုကရေစီရှိတဲ့သူတွေကိုဦးဆောင်နေတယ်။ စတဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေတယ်။ တပ်မတော်မှာ တာဝန်ထမ်းဆောင် နေတဲ့ အရာရှိစစ်သည်တွေအနေနဲ့ တပ်မတော်ပေါ်မှာ လေးစားမှုကျစေတယ်။ ပြည်သူတွေ အထင်မြင်လွဲမှားစေတယ်။ အဲဒီလို ယူဆတာကြောင့်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာ”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဇွန်လ ၄ ရက်နေ့က အခုလို တရားရုံးမှာ ဦးတိုက်လျောက်ထားခဲ့တာဖြစ်ပြီး လတ်တလော အမှုတည်ဆောက်နေကာ ဘယ်လို ပုဒ်မတွေနဲ့ အရေးယူမယ်ဆိုတာကိုတော့ ဥပဒေအကြံပေးရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။ အခုလို တပ်က တရားစွဲဆိုဖို့ဆောင်ရွက်နေတဲ့အပေါ် စာရေးဆရာမာန်ကတော့ တရားစွဲဆိုမယ်ဆိုတဲ့အကြောင်း မသိရှိရသေးကြောင်းနဲ့ ဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024