DVB Logo
Home
Lead Story
မြင့်မြတ်၊ ရန်အောင်၊ နန်းဆုဦး၊ ထားထက်ထက်တို့ပါဝင်သည့် အယူတော်မင်္ဂလာရုပ်ရှင်(နမူနာ)
DVB
·
June 5, 2019
မြင့်မြတ်၊ ရန်အောင်၊ နန်းဆုဦး၊ ထားထက်ထက်တို့ပါဝင်သည့် အယူတော်မင်္ဂလာရုပ်ရှင်(နမူနာ)
Donate to DVB

မြင့်မြတ်၊ ရန်အောင်၊ နန်းဆုဦးနဲ့ ထားထက်ထက်တို့ ခေါင်းဆောင်ပါဝင်ထား ကြတဲ့ အယူတော်မင်္ဂလာရုပ်ရှင်ကားကို လာမယ့် ဇွန်လ ၆ ရက်နေ့မှာ ရုံတင်ပြသတော့ မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ Novel Film က တင်ဆက်လိုက်တာ ဖြစ်ပြီး ဒေါင်းဒင်္ဂါးရဲ့ ဇာတ် လမ်းကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ ရန်အောင်၊ မြင့်မြတ်၊ ခင်လှိုင်၊ နန်းဆုဦး၊ ပိုးအိအိခန့်၊ ထားထက်ထက်တို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများကြီးက ပါဝင်သရုပ်ဆောင် ထားကြတာ ဖြစ်ပါတယ်။

ကံကြမ္မာကို အကောင်းဆုံးတွေပဲ ဖြစ်ဖို့ အယူတော်မင်္ဂလာအရ အစီအရင်တွေနဲ့ ပြောင်းလဲတတ်တဲ့ လုပ်ငန်းရှင်သူဌေးကြီး Mr. Yes အဖြစ် ရန်အောင်က ပါဝင်ထားပြီး သူ့ရဲ့ တဦးတည်းသော သမီးနေရာမှာတော့ နန်းဆုဦးက ပါဝင်သရုပ်ဆောင်ထားပါ တယ်။

ခင်လှိုင်ကိုတော့ ဒီကားထဲမှာ Fighter တယောက်အဖြစ် သရုပ် ဆောင်ထားခဲ့ တာကို ရှုစားကြရမှာဖြစ်ပြီး ထားထက်ထက်ကတော့ အကြားအမြင်ဆရာမ လေးတ ယောက်အဖြစ် ပါဝင်ထားခဲ့တာပါ။

မြင့်မြတ်ကတော့ ကံအားကိုးသူ သူဌေးကြီး Mr. Yes ကို ဥာဏ်နဲ့ယှဉ်ပြီး အ လောင်းအစားနဲ့ စိန်ခေါ်မယ့် ဝေနိုင်းနေရာက ပါဝင်ထားခဲ့တာဖြစ်ပြီး ဘယ်လိုအားပြိုင်မှု တွေ၊ လျှို့ဝှက်မှုတွေ၊ အံ့အားသင့်စရာ ရယ်မောစရာတွေနဲ့ ပုံဖော်ဖန်တီးထားမလဲ ဆို တာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာ Facebook ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013