Home
ရုပျသံ
R.ဇာနည်နှင့် The Voice Myanmar အဖွဲ့သားများ သီဆိုသည့် ငြိမ်းချမ်းခြင်းရဲ့ တေးသံ(ရုပ်သံ)
DVB
·
June 4, 2019
    “ငြိမ်းချမ်းခြင်းရဲ့ တေးသံတွေ… ပူလောင်နာကျင်သော ကမ္ဘာမြေအတွက် လက်ဆောင်… ငြိမ်းချမ်းခြင်းရဲ့ တေးသံတွေ… ရွှေရောင်အနာဂတ်များ ခိုလှုံရာတို့မြေ… အဆုံးမဲ့တဲ့ ချစ်ခြင်းတွေနဲ့… တည်ဆောက်လို့ သွားချင်တယ်… ယုံကြည်ခြင်းဟာ အင်အားလေ… အတူလက်တွဲ ရင်ဆိုင်ဖြေရှင်း… အဖြူရောင်ငှက်ငယ် ငြိမ်းချမ်းရေး အတောင်ပံ ခတ်သံတွေ”     ဒါကတော့ ငြိမ်းချမ်းခြင်းရဲ့ တေးသံအမည်ရတဲ့ သီချင်းတပုဒ်ထဲက စာသားတွေ ဖြစ်ပြီး ငြိမ်းချမ်းရေးဂီတပွဲတော် အဆိုရှင် R. ၀ါလင်းနဲ့ လင်းသစ်တို့က သီဆိုထားခဲ့ကြ တာပါ။     ဒီတခါမှာတော့ ဒီသီချင်းကို The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ စင်မြင့်ပေါ်မှာ တခါပြန်နားဆင်ခဲ့ကြရတာ ဖြစ်ပြီး Coach R.ဇာနည်နဲ့ အဖွဲ့ရဲ့ လိုက်ဖက်ညီညီသီဆို ဟန်ကို ရှုစားကြရမှာ ဖြစ်ပါတယ်။     “ငြိမ်းချမ်းခြင်းရဲ့ တေးသံတွေ… အမှောင်ကို အနိုင်ယူမယ့် အရုဏ်ဦး အလင်းရောင်… ငြိမ်းချမ်းခြင်းရဲ့ တေးသံတွေ… လုံခြုံခိုင်မာဖို့ ထာဝစဉ်ဆုတောင်းနေ… အဆုံးမဲ့တဲ့ ချစ်ခြင်းတွေနဲ့… တည်ဆောက်လို့ သွားချင်တယ်… ယုံကြည်ခြင်းဟာ အင်အားလေ … အတူလက်တွဲ ရင်ဆိုင်ဖြေရှင်း… အဖြူရောင်ငှက်ငယ် ငြိမ်းချမ်းရေး အတောင်ပံ ခတ်သံတွေ”     ငြိမ်းချမ်းရေး အကျိုးပြုသီချင်းတပုဒ်အဖြစ် တေးရေး ညီညီသွင်နဲ့ R. ခိုင်တို့က ရေး စပ်ပေးခဲ့တဲ့ ဒီသီချင်းရဲ့ အဓိပ္ပါယ်နဲ့ သံစဉ်တွေဟာ တကယ်ကို လှပပြီး R.ဇာနည်နဲ့ အဖွဲ့ ရဲ့ အသံပါဝါအင်အားကောင်းကောင်းနဲ့ သီဆိုဟန်ကလည်း ထူးခြားနေခဲ့တာပါ။     အဖွဲ့ထဲက မိန်းကလေးအဖြစ် တဦးတည်းသာ ကျန်ခဲ့တဲ့ ပြိုင်ပွဲဝင် ပန်ပန်ကြေးမုံ ရဲ့ ပိုင်နိုင်တဲ့ အသံ၊ ထူးခြားတဲ့ ပြိုင်ပွဲဝင် လင်းခက်၊ သီချင်းကောင်းတွေကို ခံစားသက် ၀င်မှုအားကောင်းကောင်းနဲ့ သီဆိုလေ့ရှိတဲ့ Paul Austin ၊ ဒေးဗစ်ထူးတို့ရဲ့ တွဲဖက်သီဆို ဟန်က ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တာကို တွေ့ရပါတယ်။     ဒါကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ Liveshow အဆင့် ပြိုင်ပွဲမစမီ ဖျော်ဖြေတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို ကျင်းပလာခဲ့တာဟာ Blind Audition ၊ Battle Round ၊ KnockOut Round နဲ့ Liveshow အဆင့်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲ မှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ LiveShow အဆင့် ပြိုင်ပွဲမှာတော့ Coach တခုစီက အဖွဲ့ဝင် ၄ ဦးက သီချင်းတ ပုဒ်စီနဲ့ ယှဉ်ပြိုင်ရတာဖြစ်ပြီး ပရိသတ်ကပေးတဲ့ Voting အများဆုံးပြိုင်ပွဲဝင်နဲ့ ကျန်သုံးဦး ထဲက Coach က ရွေးချယ်တဲ့ ပြိုင်ပွဲဝင် ၂ ဦးကသာ နောက်တဆင့်ကို တက်ရောက်နိုင် မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပထမသီတင်းပတ်အဖြစ် Coach နီနီခင်ဇော်နဲ့ ကျား ပေါက်တို့ အဖွဲ့ ၂ ဖွဲ့ရဲ့ Live Show ယှဉ်ပြိုင်မှုမှာတော့ တဖွဲ့စီက အနိုင်ရတဲ့ ပြိုင်ပွဲဝင် ၂ ယောက်စီ၊ စုစုပေါင်း ၄ ယောက်က နောက်တဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ကတော့ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက Hazel နဲ့ Nicholas Pasangma တို့နဲ့ ကျားပေါက်ရဲ့ အဖွဲ့ထဲက နိုဗန်ထူးနဲ့ ညိုမီမီထွန်းတို့ ဖြစ်ကြပါတယ်။ ဒုတိယသီတင်းပတ် Live Show ယှဉ်ပြိုင်မှုမှာတော့ Coach ရန်ရန်ချန်းရဲ့ အဖွဲ့ထဲ မှာ Solomon King၊ ယမုံဇင်ဦး၊ ဟိန်းဇော်လင်းနဲ့ Melody Khong တို့ ပါဝင်ပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲမှာတော့ Paul Austin၊ ဒေးဗစ်ထူး၊  ပန်ပန်ကြေးမုံနဲ့ လင်းခက်တို့က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး တဖွဲ့စီက ပြိုင်ပွဲဝင် ၂ ဦးစီနဲ့ စုစုပေါင်း ၄ ဦးက နောက်တဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ကတော့ Coach R.ဇာနည်ရဲ့ အဖွဲ့ထဲက လင်းခက်နဲ့ Paul Austin တို့နဲ့ ရန် ရန်ချန်းရဲ့ အဖွဲ့ထဲက Melody Khong နဲ့ Solomon King တို့ ဖြစ်ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024