Home
ရုပျသံ
ပရိသတ်မဲဖြင့် The Voice Myanmar Live Show အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည့် Melody Khong (ရုပ်သံ)
DVB
·
June 4, 2019
ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို ကျင်းပလာခဲ့တာဟာ Blind Audition၊ Battle Round၊ KnockOut Round နဲ့ Liveshow အဆင့်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။     ဒီပြိုင်ပွဲတွေတလျှောက်မှာတော့ ထူးခြားပြီး အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တွေ များစွာ ပါဝင်ခဲ့ပြီး သူတို့ထဲက Melody Khong ကလည်း ထင်ရှားတဲ့ ပြိုင်ပွဲဝင်တယောက် ဖြစ်နေခဲ့ပါတယ်။ အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲ မှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။     Blind Audition ကတည်းက အသံပါဝါအစွမ်းပြပြီး တဆင့်ပြီး တဆင့် မှန်မှန်တက် လှမ်းလာနိုင်ခဲ့တဲ့ Melody Khong က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ LiveShow အဆင့်ပြိုင်ပွဲမှာတော့ အဆိုတော် Shine ရဲ့ The Old You သီချင်းနဲ့ အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ခဲ့တာပါ။     LiveShow အဆင့် ပြိုင်ပွဲမှာတော့ Coach တခုစီက အဖွဲ့ဝင် ၄ ဦးက သီချင်း တပုဒ်စီနဲ့ ယှဉ်ပြိုင်ရတာဖြစ်ပြီး ပရိသတ်ကပေးတဲ့ Voting အများဆုံးပြိုင်ပွဲဝင်နဲ့ ကျန်သုံးဦးထဲက Coach က ရွေးချယ်တဲ့ ပြိုင်ပွဲဝင် ၁ ဦး၊ စုစုပေါင်း ၂ ဦးသာ နောက်တဆင့်ကို တက်ရောက်နိုင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပထမသီတင်းပတ်အဖြစ် Coach နီနီခင်ဇော်နဲ့ ကျား ပေါက်တို့ အဖွဲ့ ၂ ဖွဲ့ရဲ့ Live Show ယှဉ်ပြိုင်မှုမှာတော့ တဖွဲ့စီက အနိုင်ရတဲ့ ပြိုင်ပွဲဝင် ၂ ယောက်စီ၊ စုစုပေါင်း ၄ ယောက်က နောက်တဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ကတော့ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက Hazel နဲ့ Nicholas Pasangma တို့နဲ့ ကျားပေါက်ရဲ့ အဖွဲ့ထဲက နိုဗန်ထူးနဲ့ ညိုမီမီထွန်းတို့ ဖြစ်ကြပါတယ်။ ဒုတိယသီတင်းပတ် Live Show ယှဉ်ပြိုင်မှုမှာတော့ Coach ရန်ရန်ချန်းရဲ့ အဖွဲ့ထဲ မှာ Solomon King၊ ယမုံဇင်ဦး၊ ဟိန်းဇော်လင်းနဲ့ Melody Khong တို့ ပါဝင်ပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲမှာတော့ Paul Austin၊ ဒေးဗစ်ထူး၊  ပန်ပန်ကြေးမုံနဲ့ လင်းခက်တို့က အကြိတ်အနယ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။     အသက် ၂၀ နှစ်အရွယ် Melody Khong ဟာ Blind Audition မှာ အဆိုတော် ၀ိုင်းလေးရဲ့ GoodBye သီချင်းနဲ့ သီဆိုခဲ့ပြီး Coach နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိ လာခဲ့တာပါ။     Battle Round မှာတော့ သူက အဖွဲ့ထဲက ပြိုင်ဘက် Hazel နဲ့အတူ အဆိုတော် တင်ဇာမော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ သိပ်ချစ်ရင်ခါးမယ် သီချင်းနဲ့ အပြိုင်ကြဲသီဆိုယှဉ်ပြိုင် ခဲ့ကြပြီး နီနီခင်ဇော်က Hazel ကို ရွေးချယ်ခဲ့ချိန်မှာ Coach နောက်တဦးဖြစ်တဲ့ အဆို တော် ရန်ရန်ချန်းရဲ့ Steal လုပ်ဆက်လက်ရွေးချယ်မှုနဲ့ နောက်တဆင့်ကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်တဆင့်ဖြစ်တဲ့ KnockOut Round မှာတော့ Melody Khong ဟာ အဆို တော် Rihanna ရဲ့ Where Have You Been သီချင်းနဲ့ အဆိုပညာစွမ်းပြနိုင်ခဲ့ပြီး တဆင့် တက်လှမ်းနိုင်ခဲ့ပြန်ပါတယ်။ ခု Live Show အဆင့်ပြိုင်ပွဲမှာတော့ Shine ရဲ့ သီချင်းကောင်းတပုဒ်ဖြစ်တဲ့ ဒီသီ ချင်းကို ပီယာနိုတီးခတ်မှုနဲ့အတူ တွဲဖက်သီဆိုဟန်ဟာ ဒိုင်တွေကိုရော ပရိသတ်တွေကို ပါ ဖမ်းစားနိုင်ခဲ့တာကို တွေ့ရပါတယ်။     ပြိုင်ပွဲဝင် ၄ ယောက်ရဲ့ သီဆိုယှဉ်ပြိုင်မှုအပြီး ပရိသတ်ပေးတဲ့ မဲအများဆုံး ပြိုင်ပွဲ ၀င်ကို ကြေငြာရာမှာတော့ Melody Khong က ရရှိခဲ့ပြီး ကျန်တဲ့ ၃ ယောက်ထဲက တဦး ကို Coach ဖြစ်တဲ့ ရန်ရန်ချန်းက ရွေးချယ်ရာမှာတော့ Solmon King ကို ရွေးချယ်ခဲ့တာမို့ သူတို့ဟာ နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။     ကျန်နေခဲ့တဲ့ ပြိုင်ပွဲဝင် ၂ ယောက်ဖြစ်တဲ့ ယမုံဇင်ဦးနဲ့ ဟိန်းဇော်လင်းတို့ကတော့ The Voice Myanmar ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024