Home
မြန်မာသတင်း
အမေရိကန်သံအမတ် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ
DVB
·
June 3, 2019
61802926_2249074771840996_5399196210911248384_n
61704640_2249074968507643_1025397560447074304_n
62259092_2249074848507655_2340626115392962560_n
62046442_2249074891840984_406187091681083392_n
62003118_661455957647941_7107206873765380096_o
61997947_661465844313619_3010799884409241600_o
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီတွေ ဘယ်လိုကြိုတင် ပြင်ဆင်နေကြပြီလဲဆိုတာ သိရဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်ဟာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သံရုံးက သတင်းထုတ်ပြန်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၊ ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်းအပါအဝင် နိုင်ငံရေးပါတီများစွာနဲ့တွေ့ဆုံ ခဲ့တာဖြစ်ပါတယ်။ အမေရိကန်သံအမတ်ဟာ ဒီနေ့မနက်မှာတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ နေပြည်တော်၊ ရာဇသင်္ဂဟလမ်းရှိ ပါတီဌာနချုပ်မှာ တွေ့ဆုံခဲ့တယ်လို့  ပါတီခေါင်းဆောင် သူရဦးရွှေမန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။ တွေ့ဆုံရာမှာ သူရဦးရွှေမန်းက “မြန်မာနိုင်ငံတွင်  ဒီမိုကရေစီ စနစ် ရှင်သန်အားကောင်းရန်၊ လူ့အခွင့်အရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေးတို့ရရှိရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရန်၊  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ရပ်တန့်ခြင်း၊ လမ်းလွဲခြင်းမရှိဘဲ ဆက်လက်ရှင်သန်  အားကောင်းရန်တို့အတွက် နိုင်ငံရေးပါတီတစ်ခု  တည်ထောင် ဆာင်ရွက်မှသာ မှန်ကန်ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဆိုသည့် ယုံကြည်ချက်ဖြင့်  ပါတီတည်ထောင်ခြင်း ဖြစ်ကြောင်း" ဆွေးနွေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်သံအမတ်ကတော့ ပါတီတစ်ခုခုကို  ထောက်ခံအားပေးတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေရဲ့  ဒီမိုကရေစီ ရှင်သန်အားကောင်းအောင် ယှဉ်ပြိုင်လုပ်ဆောင်မှုတွေကို အားပေးတဲ့အကြောင်း  ပြန်လည်ဆွေးနွေးတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ-UBP - US Embassy
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024