ဆိုစီဒက်​အရန်​အသင်းကို ဇာဗီအလွန်​ဆို ကိုင်တွယ်မည်

လီဗာပူး ကစားသမား​ဟောင်း ဇာဗီအလွန်​ဆိုဟာ မွေးရပ်မြေကလပ် ဆိုစီဒက်​ အရန်​အသင်း နည်းပြအဖြစ်​ တာဝန်​ယူ ကိုင်​တွယ်​​တော့မှာ ဖြစ်​ပါတယ်​။ အသက် ၃၇ နှစ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်လူ ဇာဗီအလွန်ဆိုဟာ ဘိုင်ယန်မြူးနစ် အသင်းမှာ နောက်ဆုံး ကစားခဲ့ပြီး ကစားသမား ဘဝကနေ အနားယူခဲ့တာပါ။ လက်ရှိအချိန်မှာတော့ သူ ပထမဆုံး ကစားခဲ့တဲ့ မွေးရပ်မြေကလပ် ဆိုစီဒက် အရန်အသင်းကို ၂ နှစ်စာချုပ်နဲ့ စတင်ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။ ရီးရဲလ်ဆိုစီဒက်အသင်းဟာ အလွန်ဆို လူငယ်ကစားသမားဘဝက အသင်းမှာ ကစားခဲ့တဲ့ ဓာတ်ပုံတပုံနဲ့အတူ အိမ်ကနေ ပြန်လည်ကြိုဆိုပါတယ်လို့ စာရေးသားပြီး အရန်​အသင်း နည်းပြအဖြစ် ခန့်​အပ်​​ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အလွန်ဆိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ် ယူ ၁၃ အသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ဆိုစီဒက်အသင်းမှာတော့ လူငယ်အသင်းလို့ ဆိုနိုင်တဲ့ အရန်အသင်းကို ကိုင်တွယ်သွားရမှာ ဖြစ်ပါတယ်။ အလွန်ဆိုဟာ ကစားသမားဘဝက လီဗာပူးအသင်းဆီ မပြောင်းခင် ဆိုစီဒက် အရန်အသင်းနဲ့ အသင်းကြီးတွေမှာ ပွဲပေါင်း ၁၂၄ ပွဲ ပါဝင်ကစားခဲ့ဖူးပါတယ်။ အလွန်ဆိုဟာ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတွေမှာ ပါဝင်ကစားခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up