Home
မြန်မာသတင်း
ဧရာဝတီတိုင်းအစိုးရဟောင်း ပေးရန်ကျန်ရှိနေသည့် ရန်ပုံငွေများ အကျေပေးသွင်း
သော်ဇင်မျိုး
·
June 3, 2019
အရင်ဧရာဝတီတိုင်းဒေသကြီးအစိုးရဟောင်းက  အစိုးရသစ်ထံ ပေးဖို့ ကျန်ရှိနေတဲ့ လက်ကျန် ရန်ပုံငွေတွေအားလုံးကို မေ လ ၃၁ ရက်မှာ အကျေပေးသွင်းပြီးဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောပါတယ်။ ဧရာဝတီတိုင်းအစိုးရဟောင်းဟာ ရန်ပုံငွေတွေကို အစိုးရသစ်ထံ မလွှဲခဲ့ဘဲ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် နာယက အဖြစ်ပါဝင်ပြီး တိုင်းအစိုးရဟောင်းဝန်ကြီးတွေ ဦးဆောင်တဲ့ ဧရာဝတီ ပညာကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို လွှဲပေးခဲ့တဲ့ အတွက် ဖောင်ဒေးရှင်းဘက်က ရန်ပုံငွေတွေကို အရစ်ကျပေးသွင်းနေရတာပါ။ ပြန်လည်ရရှိမယ့် ရန်ပုံငွေ ကျပ် ၅.၂ဘီလီယံကျော်ဖြစ်ပေမယ့် ပြည်ထောင်စု စာရင်းစစ်ချုပ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်တာမှာ ဒေသဖွံဖြိုးရေးလုပ်ငန်းတချို့ပါ ပါဝင်ခဲ့တဲ့ငွေ ကျပ်သိန်း ၈ ထောင်ဝန်းကျင်ကို ကင်းလွတ်ခွင့်ပြုခဲ့တာကြောင့် ကျပ်သန်း ၄.၄ ဘီလီယံကျော်ပဲရရှိခဲ့တာပါ။ ရရှိပြီးတဲ့ရန်ပုံငွေတွေကိုတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်ပြီး လမ်းတံတားတည်ဆောက်ရေး လုပ်ငန်းတွေမှာ အဓိကအသုံးပြုမယ်လို့ တိုင်းဒေသကြီး လျှပ်စစ်လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေရှားတဲ့ဒေသတွေအတွက်လည်း ရေအမြဲရရှိစေဖို့ ဒီငွေတွေကို ထည့်သွင်းအသုံးပြုသွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ အစိုးရဟောင်းက မလွှဲခဲ့တဲ့ ရန်ပုံငွေကိစ္စကို ၂၀၁၆ ဇူလိုင်လ ၁ရက်ရက်က ကျင်းပခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဖျာပုံ မဲဆန္ဒနယ် အမှတ် ၁ က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်း က မေးခွန်းမေးမြန်းခဲ့ပြီးတဲ့နောက် ငွေတွေကို ပြန်လည်တောင်းယူဖို့အတွက် သမ္မတရုံးက တိုင်းအစိုးရကို ညွှန်ကြားခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024