DVB Logo
Home
မြန်မာသတင်း
စည်းကမ်းလိုက်နာသည့်အကျဉ်းသားများကို ပြစ်ဒဏ်မစေ့မီ ခံဝန်ဖြင့် လွှတ်ပေးရန် စီစဉ်နေ
DVB
·
June 3, 2019
စည်းကမ်းလိုက်နာသည့်အကျဉ်းသားများကို ပြစ်ဒဏ်မစေ့မီ ခံဝန်ဖြင့် လွှတ်ပေးရန် စီစဉ်နေ
Donate to DVB

စည်းကမ်းလိုက်နာတဲ့အကျဉ်းသားတွေကို ပြစ်ဒဏ်မစေ့ခင် ကတိခံဝန်ချက်နဲ့ လွှတ်ပေးတဲ့  စနစ်ကျင့်သုံးဖို့ စီစဉ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။

အခြားနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ PAROLES စနစ်ခေါ် ပြစ်ဒဏ်မစေမီ ကျန်ပြစ်ဒဏ်တွေကို ပြင်ပမှာ ကောင်းမွန်စွာနေ ထိုင်ပါမည်ဆိုတဲ့ ကတိခံဝန်ချက်နဲ့ လွှတ်ပေးတဲ့ စနစ်ကို မြန်မာနိုင်ငံအကျဉ်းထောင်တွေမှာ ကျင့်သုံးနိုင်ဖို့  စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးက ပြောပါတယ်။

“လက်ရှိလူဦးရေ ကြပ်တည်းမှုကို ရေရှည်ဖြေရှင်းနိုင်ရန်အတွက် အဆိုပါ စနစ်ကျင့်သုံးရန် စတင်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနန အကျဉ်းဦးစီးဌာန အနေဖြင့် နိုင်ငံခြား တိုင်းပြည်တွေမှာ ကျင့်သုံးလျှက်ရှိသည့် PAROLES SYSTEM ခေါ် ပြစ်ဒဏ်မစေ့မီ ကျန်ဒဏ်များကို ပြင်ပတွင် ကောင်းမွန်စွာနေ ထိုင်ပါမည်ဆိုတဲ့ ကတိခံဝန်ချက်နဲ့ လွှတ်ပေးတဲ့ စနစ်ကို ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ အကျဉ်းထောင်များ ခံဝန်ဖြင့် ထုတ်ပေးမည့် အကျဉ်းသားများ စောင့်ကြည့်ပြီး လေ့လာခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို စတင်ရေးဆွဲဖြစ်ပါကြောင်း၊ အဆိုပါဥပဒေ အတည်ပြုပြီးပါက ဥပဒေနဲ့အညီ အကောင်အထည်ဖော် ကျင့်သုံးဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်”လို့ ဒုဝန်ကြီး ဗိုလ်ချုပ် အောင်သူက ပြောပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းထောင်ကြပ်တည်းမှု ပြဿနာကို လျော့ချ ဖြေရှင်းနိုင်ဖို့ အကျဉ်းသားစိစစ်လျော့ချရေးကော်မတီဖွဲ့စည်းဆောင်ရွက်သွားဖို့နဲ့  လိုအပ်ပါက တိုင်းဒေသကြီး ပြည်နယ်အလိုက်လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

ရန်ကုန် အင်းစိန်အကျဉ်းထောင်နဲ့ မန္တလေးအိုးဘိုအကျဉ်းထောင် အပါအ၀င် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အတော်များများမှာ အကျဉ်းသား ဦးရေဟာ သတ်မှတ်လူဦးရေထက် ပိုမိုများပြားနေတယ်လို့ အကျဉ်းထောင်တွေထဲကို သွားရောက် လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်ရှင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013