သိန္နီတွင် အမြင့်ပေ ၅၀ ခန့်ရှိ ချောက်ထဲ ယာဉ် ၁စီးထိုးကျ၊ ၂ ဦးသေဆုံး
DVB
·
June 3, 2019
ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်မှာ ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦးသေ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဇွန် ၂ ရက်ညနေပိုင်းက သိန္နီမြို့နယ်၊ သိန္နီ-ကွတ်ခိုင်သွားကားလမ်း မိုင်တိုင် (၂၀၈/၅-၆) အကြား ကျောက်တောင်ကွေ့မှာ ဝင်းမြင့်စိုး (စိစစ်ဆဲ) မောင်းနှင်ပြီး လူ ၄ ဦး လိုက်ပါလာတဲ့ AD Van ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ ယာဘက် ပေ ၅၀ လောက် ချောက်အတွင်း ပြုတ်ကျခဲ့တာပါ။
ကိုဝင်းမြင့်စိုး နဲ့ ကိုမြင့်စိုးတို့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ကျန် ၃ ဦးကတော့ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် သိန္နီပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပါတယ်။
သေဆုံးသူ ကိုဝင်းမြင့်စိုးကို သိန္နီမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၇၉ (ပေါ့လျော့မှုကြောင့် လူသေစေမှု/ ပြင်းထန်နာကျင်စေမှု/ ယာဉ်မဆင်မခြင်မောင်းနှင်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။
ဓာတ်ပုံ- MOH