သိန္နီတွင် အမြင့်ပေ ၅၀ ခန့်ရှိ ချောက်ထဲ ယာဉ် ၁စီးထိုးကျ၊ ၂ ဦးသေဆုံး

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်မှာ ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦးသေ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇွန် ၂ ရက်ညနေပိုင်းက သိန္နီမြို့နယ်၊ သိန္နီ-ကွတ်ခိုင်သွားကားလမ်း မိုင်တိုင် (၂၀၈/၅-၆) အကြား ကျောက်တောင်ကွေ့မှာ ဝင်းမြင့်စိုး (စိစစ်ဆဲ) မောင်းနှင်ပြီး လူ ၄ ဦး လိုက်ပါလာတဲ့ AD Van ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ ယာဘက် ပေ ၅၀ လောက် ချောက်အတွင်း ပြုတ်ကျခဲ့တာပါ။ ကိုဝင်းမြင့်စိုး နဲ့ ကိုမြင့်စိုးတို့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ကျန် ၃ ဦးကတော့ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် သိန္နီပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပါတယ်။ သေဆုံးသူ ကိုဝင်းမြင့်စိုးကို သိန္နီမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၇၉ (ပေါ့လျော့မှုကြောင့် လူသေစေမှု/ ပြင်းထန်နာကျင်စေမှု/ ယာဉ်မဆင်မခြင်မောင်းနှင်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။ ဓာတ်ပုံ- MOH

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up