Home
မြန်မာသတင်း
ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ပွဲအကြောင်း ရေးသားထားသည့် စာအုပ်မိတ်ဆက်
DVB
·
June 2, 2019
61660846_831320910578199_1209191997160554496_n
61795991_831320970578193_7206079894252421120_n
61542319_831320903911533_3498556758752755712_n
ချစ်သူကနံနက်ခင်း မြူနှင်းက ကျွန်တော်ဆိုတဲ့ စာအုပ်မိတ်ဆက်ပွဲအခမ်းနားကို ရန်ကုန်မြို့ Star City Hotel မှာ ဇွန်လ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီစာအုပ်ဟာ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေအကြောင်း တိုင်းရင်းသားလူမျိုးတွေအကြောင်းနဲ့ စစ်ပွဲတွေအကြောင်းကို ရသစုံလင်စွာ ရသပေးနိုင်မယ်လို့ ယုံကြည်တယ်လို့ စာရေးဆရာ ညီသူက ပြောပါတယ်။ ဒီစာအုပ်ထဲမှာ နာမည်ကြီးစာရေးဆရာကြီး မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ဝတ္ထု ၂ ပုဒ်ပါဝင်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေအပေါ် အခြေခံရေးသားထားတာ ဖြစ်ပါတယ်။ “အရင်က စာပေတခုကို အကောင်းဆုံးဖော်ပြချင်ရင်တောင် စာပေစိစစ်ရေးကြောင့် နောက်ခံ အကြောင်းအရာကို ကောင်းမွန်စွာဖော်ပြနိုင်ခဲ့ခြင်းမရှိပဲ အခု နောက်ပိုင်းစာပေတွေမှာတော့ အကောင်းဆုံး နောက်ခံတွေအကြောင်းအရာတွေကို ရေးသားဖော်ပြနိုင်လာတယ်”လို့ မောင်စိန်ဝင်း (ပုတီးကုန်း)က ပြောပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတချို့ဟာ လုပ်ပွဲတွေသာဖြစ်တယ်လို့ စာရေးဆရာက ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေ မြန်မာလူမျိုးတွေအပေါ်ထားရှိတဲ့ စိတ်ဓာတ်တွေကိုပါ ပေါ်တင်ထည့်သွင်းရေးသားထားတာကြောင့် အကောင်းဆုံးစာအုပ်တအုပ် ဖြစ်မယ်လို့ယုံကြည်ကြောင်း အိုအေစစ်ဂျာနယ်က အယ်ဒီတာချုပ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024