ရင်ဖွင့်စာ
DVB
·
June 2, 2019
စမ်းချောင်းမြို့နယ် စည်ပင် သိစေဖို့ စမ်းချောင်းမြို့နယ်မှာ မိုးရာသီ ရေကြီးရေလျံအမြဲ ဖြစ်ပါတယ်။ မြို့နယ်စည်ပင်က မိုးမရွာခင် နိမ့်တဲ့လမ်းတွေ အင်္ဂတေ အထူကြီးခင်း၊ မြောင်းတွေကိုလည်း နက်နက်တူးပြီး ပြုပြင်လိုက်တော့ အတော်ကို ကောင်းသွားပါတယ်။ ဒါပေမယ့် စမ်းချောင်း ဗဟိုလမ်းနဲ့ မင်းလမ်းထောင့်က ရေမြောင်းကြီးတံတား နံရံ နှစ်ဖက်လုံး ပေါက်ပြဲနေတာကို ပြန်ပိတ်ဖို့ ချန်ထားခဲ့တာဟာ စည်းကမ်းမရှိသူ လူဖျင်းလူပျင်းတွေ အမှိုက်လွယ်လွယ်ပစ်နိုင်အောင် ဖန်တီးပေးထားသလို ဖြစ်နေပါတယ်။ မင်းလမ်းရေမြောင်းကြီး အမှိုက်တွေနဲ့ ပိတ်ဆို့နေရင် မိုးအကြီးအကျယ် ရွာတဲ့အခါ မြောင်းရေလျံပြီး စမ်းချောင်းက စမ်းပင်လယ်ဖြစ်သွားနိုင်တဲ့အတွက် သက်ဆိုင်ရာ စည်ပင်အဖွဲ့သိဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ Dental Soe Win   ရေကြောင်းခရီးသွားလာတဲ့ စက်လှေတွေမှာ အသက်ကယ်အင်္ကျီ ထားပေးပါ ရေကြောင်းခရီးမှာ သွားလာနေကြတဲ့ စက်လှေတွေမှာ အသက်ကယ်အင်္ကျီတွေ မထားကြဘူး။ ကျနော်တို့ အောင်လံ-သရက်ကူးတဲ့ စက်လှေတွေမှာလည်း အသက်ကယ်အင်္ကျီမထားကြပါဘူး။ ဆိုင်ကယ်ဦးထုပ် မဆောင်းတာတောင် ဖမ်းကြသေးတာပဲ၊ ဒါကိုလည်း ဖမ်းစေချင်ပါတယ်။ အသက်ကယ်အင်္ကျီမပါတာက အန္တရာယ်အရမ်းများလို့ပါ။ စက်လှေစီး ပြည်သူတွေကို စိုးရိမ်လို့ပါဗျာ။ အောင်ကို   ကြည့်မြင်တောင် ငါးဈေး လုပ်သား ၆ ဦးကို အလုပ်ပြန်ခန့်ပေးပါ ကျနော်တို့ ကြည့်မြင်တိုင်မြို့နယ်၊ ဗဟိုစံပြငါးဈေး၊ ငါးတောင်းဌာနမှာ လုပ်သားဟောင်း ၅၀၀ ကျော်ရှိတဲ့အထဲမှာ နောက်ထပ် လုပ်သားဟောင်းကြီးတွေ ခွင့်မပြုတဲ့ လုပ်သားသစ် ၁၅၀ ကျော်ကို အခကြေးငွေနဲ့ ထပ်မံခန့်အပ်လိုက်လို့ တရားဝင်စာတင်ပြီး ဆန္ဒဖော်ထုတ်တာကို လုပ်သားခေါင်ဆောင် ၆ ဦးအား အလုပ်က ထုပ်ပယ်လိုက်ပါတယ်။ ဒီကိစ္စ ဝန်ကြီးချုပ်ကို စာတင်ပြီး တောင်းဆိုထားပါတယ်။ ဝန်ကြီးချုပ်ကလည်း အမြန်ဆုံးဖြေရှင်းပေးမယ်လို့ ပြောပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၆ ဦးမှာ မိသားစုစားဝတ်နေရေးအခက်ကြုံနေရပါတယ်။ အခုဆို တလလောက်ရှိသွားပါပြီ။ ဘာမှအကြောင်း မထူးသေးလို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။   လွတ်ငြိမ်းမှာ ရင်းငြိမ်ကျောက်ထုတ်လုပ်ရေးစခန်းက ကျောင်းသားလေးတွေ ပါစေချင် မင်္ဂလာပါ ခင်ဗျာ။ အကျဉ်းထောင်မှ အကျဉ်းသားတွေကို လွှတ်ပေးနေတာကြားရလို့ ဝမ်းသာမိပါတယ်ခင်ဗျား။ ရင်းငြိမ် ကျောက်ထုပ်လုပ်ရေးစခန်းမှာ အပြစ်ကျခံနေရတဲ့ အကျဉ်းသားတွေထဲမှာ ကိုးတန်းအောင် ဆယ်တန်းကျောင်းသားလေးတွေ ရှိနေပါတယ်။ တချိန်တခါ အမှားကြောင့် သူတို့ရဲ့ အနာဂတ်လေးတွေ မပျက်စီးစေချင်ပါဘူး။ လွတ်ငြိမ်းမှာ ကျောင်း သားလေးတွေကို ဦးစားပေး စေချင်ပါတယ်။ အကောက် မဖော်ပြပေးပါနဲ့ခင်ဗျာ။ ကျူးကျော် များလာတဲ့ အင်းစိန် စဥ့်ကူရပ်ကွက်က မီးသတ်ရေကန် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် သက်ဆိုင်ရာ လူကြီးတွေနဲ့ စဥ့်ကူရပ်ကွက် အုပ်ချူပ်ရေးမှူးတို့သိရင် ကျေနပ်ပါတယ်ဗျာ။ ကျနော်တို့ အင်းစိန်မြို့နယ်၊ စဥ့်ကူက ငါးခန်းတွဲ ၁ လမ်းက မီးသတ်ရေကန်မှာ ကျူးကျော်တွေ တအား များနေပါတယ်ဗျာ။ မနက်ဆို လောင်းကစားဝိုင်းတွေအပြင် ရေကန်ထဲမှာလည်း အမှိုက်တွေနဲ့ အဲ့က အိမ်သာက စွန့်ပစ်ပစ္စည်းတွေက ရေကန်ထဲမှာ လမ်းက လမ်းအရမ်းကျပ်ပြီး စိတ်မချရတဲ့ လမ်းတွေ ဖြစ်နေပါတယ်။ အမည်မဖော်လိုသူတဦး ဒီဗွီဘီကို ရင်ဖွင့်စာပေးပို့လိုပါက အောက်ဖော်ပြပါ အီးမေးလ်တွေကို ပေးပို့နိုင်ပါတယ်။ [email protected], [email protected]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024