Home
မြန်မာသတင်း
ကျေးရွာ ၃ ရွာအတွက် ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ် ဖွင့်လှစ်
DVB
·
June 2, 2019
61998176_2368766916700053_6392807577394085888_n
61938419_2368766843366727_4756352074713661440_o
61865451_2368766793366732_5522124905136521216_o
61465665_2368766890033389_6875343592571797504_o
မကွေးတိုင်း ရေနံချောင်းမြို့နယ် စည်ပင်ရွာသစ်ကျေးရွာ၊ စည်ပင်တပ်ပိုးကျေးရွာနဲ့ ထိစပ်နေတဲ့ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် စည်ပင်ရွာမ ကျေးရွာတွေအတွက် ငွေကျပ်သန်းပေါင်း ၇၂၆ သန်းကျော် ကုန်ကျတဲ့ ဆိုလာ အသေးစား ဓာတ်အားလိုင်းစနစ်ကို ဇွန်လ ၁ ရက်နေ့ မနက်က ဖွင့်လှစ်​​ခဲ့ပါတယ်။ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ''အသေးစားဓာတ်အား စီမံချက်ဆောင်ရွက်ချက်မှာ မီးလင်းနိုင်အောင်သာမက ကျေးလက်လူမှု စီးပွားရေးဘဝ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အသေးစားကုန်ထုတ်လုပ်ငန်းတွေ အသေးစားစက်မှု လုပ်ငန်းများကိုပါ (ကျွဲကူးရေပါ) ဆိုသလို ဆောင်ရွက်မှာဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ အသေးစားကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဌာန များအားလုံးကနေပြီးတော့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကျဖို့ လိုအပ်တယ်'' လို့ ​ပြောပါတယ်​။ ကျေးရွာသုံးရွာ မီးလင်းရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း NEP အစီအစဉ်နဲ့ ဆိုလာ ၇၅ ဒသမ ၆ ကီလိုဝပ် (diesel backup ၁၀၀ ကေဗွီအေ) အသေစား ဓာတ်အားပေးစနစ် (Minigrid) ဆိုလာ အသေးစား ဓာတ်အားလိုင်းစနစ် မီးလင်းရေးကို ကမ္ဘာ့ဘဏ်နဲ့ ဂျာမဏီ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့က နည်းပညာပံ့ပိုးမှုနဲ့ တည်ဆောက်ခဲ့တာပါ။ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာရေး နှစ် နှစ်တာကာလအတွင်း တစ်အိမ်သုံးဆိုလာစနစ် ကျေးရွာစုစုပေါင်း ၄၀၇၄ ရွာ နဲ့ အများပြည်သူပိုင် အဆောက်အဦ ၃ သောင်းကျော်တို့ကို ဆောင်ရွက်ထား​တယ်လို့ ဝန်ကြီးက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ ကိုလင်း (ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024