အင်းတော်တွင် ကျပ်သိန်း ၆၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ငွေကျပ်သိန်း ၆,၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မေ ၃၁ ရက် ည ၉ နာရီကျော်လောက်က အင်းတော်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အင်းတော်မြို့နယ်၊ နဘားပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ချစ်စန်းမောင် မောင်းနှင်လာတဲ့ TOYOTA TOYOACE အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာပါ။ မော်တော်ယာဉ်ရဲ့နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းမှ ငွေကျပ်သိန်း ၆၇၁၀ တန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၇၁ ကီလိုနဲ့ လက်ကိုင်ဖုန်းတလုံး၊ ငွေကျပ် ၂၁ သိန်း တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ချစ်စန်းမောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up