စပါးကို အနိုင်ယူပြီး လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူး (ရုပ်သံ)

ချန်ပီယံလိဂ်မှာ တကျော့ပြန်ဗိုလ်စွဲနိုင်ဖို့ ၁၄ နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ လီဗာပူးတို့ ဒီနေ့မနက်အစောပိုင်းမှာတော့ စပါးအသင်းကို ချန်ပီယံခြေစွမ်းနဲ့အတူ အနိုင်ရပြီး ဥရောပကို မင်းမူနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၂ မိနစ်ကတည်းက စပါးနောက်ခံလူ ဆစ်ဆိုကို ပင်နယ်တီဧရိယာထဲမှာ လက်ထိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီသတ်မှတ်ပေးခဲ့ပြီး ဆာလက်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပါတယ်။ အဲနောက်မှာတော့ စပါးတို့ချေပဂိုးရဖို့ တောက်လျောက်ဖိအားပေးခဲ့ပေမယ့် ပွဲပြီးဆုံးခါနီးမှာတော့ အခုနှစ်ချန်ပီယံလိဂ်မှာ ကြိုးကြာနီတို့အတွက် ခြေစွမ်းပြနေခဲ့တဲ့ ဒီဗော့ခ် အိုရီဂီကပဲ အနိုင်ဂိုး ထပ်မံသွင်းယူပေးခဲ့လို့ စပါးတို့ သူတို့ရဲ့ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဖလားအိမ်မက်နဲ့ ဝေးခဲ့ရပါတယ်။ လီဗာပူးတို့အတွက် အရေးပါတဲ့ ကစားသမားကတော့ ဂိုးသမား အယ်လီဆွန် ဖြစ်ပြီးတော့ စပါးကစားသမားတွေ လုံးဝမကျော်ဖြတ်နိုင်ခဲ့တဲ့ တံတိုင်းတခုလည်း ဖြစ်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိခဲ့ပေမယ့်လည်း အားနည်းချက်တချို့ကြောင့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် အခုနှစ်မှာတော့ သူတို့အသင်းရဲ့ ၆ ကြိမ်မြောက်ဖလားကို အရယူနိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းဟာ ချန်ပီယံလိဂ်သမိုင်းမှာ ရီးရဲလ်မက်ဒရစ်ပြီးရင် ဖလားအများဆုံးရရှိတဲ့ အသင်းဖြစ်လာခဲ့ပါတယ်။ ထူးခြားချက်ကတော့ ဒေါ့မွန်အသင်းနဲ့တကြိမ်၊ လီဗာပူးအသင်းနဲ့ ပြီးခဲ့နှစ်ကတကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြ ယာဂင်ကလော့ပ်ဟာ တတိယအကြိမ်မြောက်မှာတော့ ဖလားရယူပေးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up