မက္ကဆီကို ကုန်စည်များအား သွင်းကုန်ခွန် စည်းကြပ်မည်ဟု ထရမ့် ပြော

အမေရိကန်-မက္ကဆီကိုနယ်စပ်က တရားမ၀င် ၀င်လာသူတွေကို မတားသရွေ့ ဇွန်လ ၁၀ ရက်ကစပြီး  မက္ကဆီကိုက၀င်လာတဲ့ ကုန်စည်အားလုံးအပေါ် သွင်းကုန်ခွန် ၅ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။ တရားမ၀င် ၀င်လာသူတွေ ပြဿနာကို မကုစားသရွေ့ သွင်းကုန်ခွန်ကို ဖြည်းဖြည်းချင်း  တိုးမြှင့်ပြီး ကုစားပြီးသွားရင်တော့ သွင်းကုန်ခွန်ကို ဖယ်ရှားမယ်လို့ ထရမ့်က တွစ်တာမှာ ရေးခဲ့ပါတယ်။ အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ သမ္မတထရမ့်က သွင်းကုန်ခွန်ကို  ဇူလိုင်လ ၁ ရက်မှာ ၁၀ ရာခိုင်နှုန်း၊ သြဂုတ်လ ၁ ရက်မှာ ၁၅ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁ ရက်မှာ  ၂၀ ရာခိုင်နှုန်းနဲ့ အောက်တိုဘာ ၁ ရက်မှာ ၂၅ ရာခိုင်နှုန်း တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ ထုတ်ပြန်ချက်မှာ နယ်စပ်က တရားမ၀င်ဝင်လာသူတွေကို တားမြစ်ရာမှာ မက္ကဆီကိုဘက်က ပူးပေါင်းမှု မရှိတာက အရေးပေါ် အခြေအနေကို ဖြစ်စေပြီး အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ စီးပွားရေးကို ထူးထူးကဲကဲ ခြိမ်းခြောက်တယ်လို့ သမ္မတထရမ့်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up