Scripps National Spelling Bee ပြိုင်ပွဲတွင် အမှတ်တူ ၈ ဦး ပူးတွဲဆုဖလား ရရှိ

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာ  မေလ ၃၁ ရက်က ကျင်းပတဲ့ Scripps National Spelling Bee ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပြိုင်ပွဲဝင်လူငယ်  ၈ ယောက် အမှတ်တူခဲ့ပြီး သူတို့အားလုံး ချန်ပီယံဆုဖလားကို ပူးတွဲရခဲ့ကြပါတယ်။ အဲဒီပြိုင်ပွဲကို အမေရိကန် နိုင်ငံတ၀န်း၊ အမေရိကန် အုပ်ချုပ်မှုအောက်မှာရှိတဲ့ နယ်မြေတွေနဲ့ တခြား  ၆ နိုင်ငံက စကားလုံးဆက်ကျွမ်းကျင်သူ ပြိုင်ပွဲဝင် ၅၆၂ ယောက်နဲ့ စတင်ကျင်းပပြီး ပြိုင်ပွဲဟာ ၃ ရက်ကြာမြင့်ခဲ့ပါတယ်။ ပြိုင်ပွဲ ပွဲစဉ် ၁၈ ခု အပြီးမှာလည်း ၈ ယောက်ဆက်လက်ကျန်ရှိတယ်လို့သိရပါတယ်။ ပြိုင်ပွဲ တာဝန်ရှိသူတွေက အတိတ်ကာလတုန်းက ပူးတွဲချန်ပီယံတွေ ရှိခဲ့ပေမယ်လို့ အခုလို ၈ ယောက် ပူးတွဲချန်ပီယံ ဖြစ်တာမျိုးတော့ မရှိဘူးလို့ဆိုပါတယ်။ ပြိုင်ပွဲ   ဆုရသူ တယောက်စီဟာ အမေရိကန် ဒေါ်လာ ၅ သောင်း ဆုနဲ့ ဆုဖလားတခုကို လက်ခံရရှိမှာ ဖြစ်ပါတယ်။ ပူးတွဲချန်ပီယံဆုရ လူငယ် ၈ ယောက်ကတော့ အသက် ၁၂ နှစ်နဲ့ ၁၄ နှစ်အကြား ယောကျာ်လေး ၆ ယောက်နဲ့ မိန်းကလေး ၂ ယောက်တို့ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up