Home
မြန်မာသတင်း
မီးပျက်မည်ဖြစ်၍ အောင်ဘာလေထီ သတ်မှတ်ချိန်ထက် စောဖွင့်
စိုးမိုးအောင်
·
June 1, 2019
မီးပျက်မှာဖြစ်လို့ အောင်ဘာလေထီဆုဖွင့်ပွဲကို သတ်မှတ်ချိန်ထက်စောပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ၄ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲအထူးဆုကြီး အပါအဝင် အခြားဆုမဲတွေကို ဇွန် ၁ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် အောင်ဘာလေသိန်းဆုဌာနခွဲမှာ ဖွင့်လှစ်နေတာပါ။ အောင်ဘာလေသိန်းဆုဖွင့်ပွဲတွေကို အရင်က မနက် ၈ နာရီမှ စတင်ဖွင့်လှစ်လေ့ရှိပေမယ့် ၄ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေထီဖွင့်ပွဲမှာတော့ နေ့လယ် ၁၂ နာရီမှာ လျှပ်စစ်မီးပျက်မှာဖြစ်တာကြောင့် အရင်ထက်စောပြီး ဖွင့်လှစ်သွားမယ်လို့ အောင်ဘာလေ သိန်းဆုဌာန အရာရှိတဦးက ပြောဆိုခဲ့ပြီး မနက် ၇ နာရီ မိနစ် ၄၀ လောက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၄ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေထီဖွင့်ပွဲမှာ မရောင်းရ ထီလက်မှတ်တွေရှိတာကြောင့် ပေါက်မဲတွေပြန်လည်နှိုက်ယူနေရလို့ အချိန်ကြန့်ကြာမှုတွေလည်း ရှိနေပါတယ်။ အဲဒီလို အချိန်ကြန့်ကြာနေတဲ့အပေါ် EPC ကို နေ့လယ် ၁ နာရီအထိ လျှပ်စစ်မီးပေးဖို့ ပြောဆိုထားတယ်လို့ အောင်ဘာလေသိန်းဆုဌာနက ဝန်ထမ်းတယောက်က ဆိုပါတယ်။ ၄ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဖွင့်ပွဲမှာ ကျပ်သိန်းတစ်သောင်းခွဲ အထူးဆုကြီးအပါအဝင် ကျပ်သိန်းတသောင်းဆု (၁) ဆု၊ ကျပ်သိန်း ၅၀၀၀  (၂) ဆု၊ ကျပ်သိန်း၂၀၀၀ (၄) ဆု၊ ကျပ်သိန်း၁၀၀၀ (၇) ဆုအပါအဝင် ဆုမဲပေါင်း ၂၁၉၇၇၄ ဆု ဖွင့်လှစ်မယ်လို့ အောင်ဘာလေထီသိန်းဆုဌာနက ထုတ်ပြန်ထားပါတယ်။ စိုးမိုးအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024