ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် လီဗာပူးက စပါးထက် ပိုမိုရေပန်းစားနေ

ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဇွန် ၂ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခွဲ ကျင်းပမှာဖြစ်ပြီး လီဗာပူးနဲ့ စပါးတို့ ယှဉ်ပြိုင်ရမှာပါ။ နှစ်သင်းစလုံးက ဘောလုံးသမားတွေရော ပရိသတ်တွေပါ အခုပွဲအတွက် ရင်ခုန်နေကြပါတယ်။ စပါးအသင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်လာတာ ဖြစ်ပြီး လီဗာပူးကတော့ ချန်ပီယံ ၅ ကြိမ် ရဖူးထားပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးထားပါတယ်။ နည်းပြဂျာဂန်ကလော့ရဲ့ သက်တမ်းတလျှောက် ဗိုလ်လုပွဲ ၆ ပွဲမှာ ၆ ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။ စပါးအသင်းမှာ အားထားရတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း လေ့ကျင့်ရေး ဆင်းနေပြီး အသင်းအတွက် အဆင်သင့် အနေအထားမှာ ရှိနေပါတယ်။ စပါးနည်းပြကတော့ သူ့ကို ပွဲအစကတည်း သုံးမသုံးဆိုတာ ဆုံးဖြတ်ရမှာပါ။ ဒီည ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးကတော့ စပါးထက် ရေပန်းစားမှု အနေအထားက ပိုသာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up