ပထမဆုံးအကြိမ် သစ်ပင်ချစ်သူများညီလာခံ ဇွန်လကုန်တွင် ကျင်းပမည်

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် သစ်ပင်ချစ်သူများညီလာခံကို ဇွန်လကုန်လောက်မှာ ကျင်းပသွားမယ်လို့ ဦးဆောင်စီစဉ်သူတွေက ပြောပါတယ်။ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ သစ်ပင်ချစ်သူများ ညီလာခံကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ဒီကနေ့ မေလ ၃၁ မှာ ရန်ကုန်မြို့ စိမ်းလန်းစိုပြေ ဥယျာဉ်မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို ပန်းပျိုးလက်ဆရာတော် ဒေါက်တာအရှင်ပညောဘာသနဲ့အတူ ရွှေအိုရောင် ပရဟိတအသင်းနဲ့ သစ်ပင်ချစ်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up