ဂန့်ဂေါမြို့နယ်တွင် ကြေးသွန်းရုပ်ပွားတော် ၃၁ ဆူ ခိုးယူခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ဘုန်းတော်ကြီးကျောင်းတကျောင်းမှာ ကြေးသွန်းရုပ်ပွားတော် ၃၁ ဆူနဲ့ ကြေးသွန်း တိရစ္ဆာန်ရုပ် ၄ ရုပ် ခိုးယူခံရတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မေ ၃၀ ရက်နေ့ ည ၇ နာရီခွဲလောက်က ဂန့်ဂေါမြို့နယ်၊ ရွာာမကျေးရွာာ သာသနာ့ရံသီ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်းနံရံမှာ ဥမင်ငယ် ၂ ခု ဖောက်ပြီး မှန်ပိတ်ကာ သံဇကာနဲ့ ကာရံပြီး ဌာပနာ ပူဇော်ထားတဲ့ ဉာဏ်တော် ၄ လက်မလောက်စီရှိ ကြေးသွန်းရုပ်ပွားတော် ၃၁ ဆူနဲ့ အမြင့် ၄ လက်မလောက်၊ ထု ၁ လက်မလောက်ရှိ ကြေးသွန်း ဆင်ရုပ်ပါ တိရစ္ဆာန်ရုပ် ၄ ရုပ်တို့ ပျောက်ဆုံးနေပြီး မှန်နဲ့သံဇကာတွေခွာယူ ခိုးသွားတာကို  ကျောင်းထိုင်ဆရာတော် ဦးပညာဝံသ (စိစစ်စဲ) က စစ်ဆေးတွေ့ရှိခဲ့တာပါ။ ကြေးသွန်းရုပ်ပွားတော်တွေနဲ့ ကြေးသွန်းတိရစ္ဆာန်ရုပ်တွေ ခိုးယူသွားသူ (စိစစ်ဆဲ)အား ကန်နယ်မြေရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅(ခိုးမှု၊ ဘာသာ သာသနာစော်ကားမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up