Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားများကို ထိရောက်စွာ ကူညီရန် တိုက်တွန်း
နော်နိုရင်း
·
November 13, 2012
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်သမား အခွင့်အရေးတွေကို ထိရောက်စွာ ကူညီဆောင်ရွက်ဖို့ Grass Roots Human Rights Education & Development (GRHRED) အဖွဲ့မှ ဒါရိုက်တာ ဦးထူးချစ်က နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့တုန်းက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ဘန်ကောက်မှာ တွေ့ဆုံချိန် အခုလို တိုက်တွန်းလိုက်တာ လို့ GRHRED အဖွဲ့ရဲ့ ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။ [caption id="attachment_32996" align="alignleft" width="300" caption="မဟာချိုင်ဒေသ ပင်လယ်ငါးဖန်းလုပ်ငန်းခွင်တခုတွင် တွေ့ရသည့် မြန်မာအလုပ်သမားအချို့ (ဓာတ်ပုံ - ရိုက်တာ)"][/caption] “အဓိက ထိုင်းနိုင်ငံမှာလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားအများစုက အခြေခံ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ နောက် ဆွေးနွေးဖြစ်တာက အစိုးရတရားဝင်လွှတ်တဲ့ နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွှာနဲ့ရောက်လာတဲ့ အလုပ်သမားတွေလည်း အစိုးရရဲ့ ကြပ်ကြပ်မတ်မတ် ကာကွယ်စောင့်ရှောက်မှု မရတာတွေ့တယ်။ ဒါတွေကို စိစစ်ပါ၊ ဘယ်လိုအရာတွေမှာတော့ ပူးပေါင်းဆောင်ရွက်နိုင်တယ် ဆိုတာတွေ ဆွေးနွေးခဲ့ကြတယ်။” ၀န်ကြီး ဦးအောင်မင်းတို့အနေနဲ့လည်း ဒီကိစ္စကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေဆီ ပြန်လည်ညှိနှိုင်းပြီး အလုပ်သမားအရေးလှုပ်ရှားနေတဲ့ သူတို့အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်သွားမယ့် အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ အခုလက်ရှိ အနေအထားအရလည်း ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အလုပ်သမားရေးရာကိစ္စတွေကို လုပ်ဆောင်တဲ့နေရာမှာ အောင်မြင်မှုတွေ ရှိနေတယ်လို့ ဦးထူးချစ်က ပြောပါတယ်။ ဒါ့အကြောင့် အစိုးရနဲ့ ပေါင်းလုပ်ရင် အလုပ်သမားတွေအတွက် ပိုပြီး ထိရောက်မယ်လို့ ယုံကြည်တဲ့အတွက် သူတို့အနေနဲ့ အချိန်မရွေး ပေါင်းလုပ်မယ်လို့ အစိုးရကို ကတိပေးခဲ့ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အလုပ်သမားအရေးကိစ္စနဲ့ လူကုန်ကူးမှုဆိုင်ရာ ပြဿနာတွေ ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုတာကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။ “ဦးအောင်မင်းတို့နဲ့ ဆွေးနွေးတာက နိုင်ငံတော်အဆင့်နဲ့ ဆိုင်တာပေါ့။ ရွှေ့ပြောင်းအလုပ်သမားကိစ္စတွေချည်း မဟုတ်ဘဲ မြန်မာပြည်ထဲက အလုပ်သမားကိစ္စတွေ၊ လူကုန်ကူးမှုကိစ္စတွေ ဒါတွေလည်း ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ၊ မြန်မာပြည်ထဲမှာလည်း ဘယ်လို သွားလုပ်နိုင်မလဲဆိုတာ နှစ်ဖက်ဆွေးနွေးတဲ့ သဘောပါ။ ကျနော်တို့ပြောခဲ့တဲ့ အခြေအနေအတိုင်း၊ အကြံပေးဆွေးနွေးခဲ့တဲ့အတိုင်း အစိုးရက ထိထိရောက်ရောက် တိတိကျကျ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်တော့ ကျနော်တို့ အလုပ်သမားတွေကို ကူညီစောင့်ရှောက်နေတာထက် အများကြီး အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024