ပြေတီဦး၊အိချောပိုနှင့် ထိုင်းမင်းသမီး ကရာဗီတို့ ပါဝင်သည့် လေဒီဘွိုင်းရုပ်ရှင် (နမူနာ)
DVB
·
May 30, 2019

မြန်မာနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေနဲ့ ယိုးဒယား သရုပ်ဆောင် တွေ ပူးပေါင်းပါဝင်တဲ့ လေဒီဘွိုင်းရုပ်ရှင်ကားကို လာမယ့် ဇွန်လ ၆ ရက်နေ့မှာ ရုံတင်ပြ သတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ Bo Bo Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး ဓနုတ်ကို ကိုဇော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ ထိုင်းကိုရောက်သွားတဲ့ လူတယောက်က ဘာသာစကား အခက်အခဲတွေ၊ နားမလည်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ရိုက်ကူး တင်ဆက်ထားတာဖြစ်ပြီး ဘယ်လို အလွဲအချော်တွေ၊ ကမောက်ကမဟာသဇာတ်လမ်း ဇာတ်ကွက်တွေ၊ အက်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးပုံဖော်ထားမလဲဆိုတာကို တော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ မြန်မာနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြ တဲ့ ပြေတီဦး၊ ကျော်ကျော်ဗို၊ ထူးအောင်၊ ခင်လှိုင်၊ ဂျိုကာ၊ အိချောပိုတို့နဲ့အတူ ထိုင်းသ ရုပ်ဆောင်မင်းသမီး ကရာဗီတို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အလှအပတွေနဲ့အတူ ပုံစံတမျိုးနဲ့ တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ တရက်အတွင်း ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုသူ ၂ သိန်းခွဲကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။