Home
မြန်မာသတင်း
ကမ္ဘာအကြီးဆုံး စာအုပ်ဈေးရောင်းပွဲတော် မန္တလေးတွင် ဖွင့်လှစ်
DVB
·
May 30, 2019
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ကွန်ဗန်းရှင်းစင်တာမှာ Big Bad Wolf Book Sale စာအုပ်ဈေးရောင်းပွဲတော်ကို စတင်ဖွင့်လှစ်လိုက်ပြီး ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်း အထူးလျှော့ဈေးတွေနဲ့ မေလ ၃၀ ရက်ကစေပြီး ဇွန်လ ၁၀ ရက် အထိ ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်။ စာအုပ်ဈေးရောင်းပွဲတော်ကို မြန်မာနိုင်ငံအထက်ပိုင်း ဒေသမှကစပြီး လက်လှမ်းမီတဲ့ မန္တလေးမြို့တွင်းမျာ အခုလိုရောင်းချတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ “လူတွေ စာများများဖတ်ပြီး စာဖတ်ရှိန်မြင့်လာရမယ်။ အင်္ဂလိပ်စာကို လိုက်စားလာဖို့ အနာဂတ် မျှော်လင့်ချက်တွေအတွက် နိုင်ငံခြားဘာသာစကားတွေ လိုက်စားဖို့လိုတဲ့အတွက် စာအုပ်ဈေးရောင်းပွဲ လုပ်ရတာပါ။ Print Media က ပြန်ပြီး အသက်ရှင်သန်နေပါပြီ။ ဖေ့စ်ဘွတ်ခ်ကနေကြည့်တာက သတင်းလောက်ပဲ။ စာပေကို တကယ် ဖတ်ရှူလိုသူတွေအတွက် Print Media ထုတ်တဲ့ စာအုပ်တွကို ရှောင်လွဲလို့မရဘူး။ ရန်ကုန်မှာ လုပ်ခဲ့တုန်းကလည်း အင်္ဂလိပ် ၀တ္တုအများဆုံး ရောင်းရတယ်” လို့ စီစဉ်ကျင်းပသူ ဦးမျိုးအောင်ကပြောပါတယ်။ စာအုပ်ရောင်းပွဲတော်ကို ၂၄ နာရီဖွင့်လှစ်ထားမှာဖြစ်ပြီး ဂန္တဝင်ဝတ္ထုတွေ၊ သိပ္ပံစိတ်ကူးယဉ် ဝတ္ထု၊ အချစ်ဝတ္ထု၊ သုတ ရသစာပေတွေ၊ ဟာသရုပ်ပြစာအုပ်တွေ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးတို့အပြင် ကလေးသူငယ်တွေအတွက် ပုံပြင်စာအုပ်တွေ ရောင်ချယ်စာအုပ်တွေ၊ ရုပ်ပြစာအုပ် သင်/ထောက်ကူစာအုပ်တွေကို ရောင်းချသွားမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024