Home
မြန်မာသတင်း
ချောက်မြို့နယ်ရှိ​ ကျေးရွာ ၂၆ ရွာတွင် သောက်သုံးရေ အခက်အခဲကြုံတွေ့
DVB
·
May 30, 2019
ချောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၆ ရွာမှာ သောက်သုံးရေးအခက်အခဲ ဖြစ်နေတာကြောင့် အသင်း ရေသယ်ယာဉ် ကူညီပံ့ပိုးမှုနဲ့ အလှူရှင်တွေက ကျေးရွာ​တွေ ရေသွားရောက်လှူဒါန်းနေရတယ်လို့ ​ချောက်​မြို့ မ​နောဖြူ အသင်းဥက္ကဋ္ဌက ​ပြောပါတယ်။ ​ချောက်​မြို့နယ်​မှာ​ ပြီးခဲ့တဲ့ဧပြီလက ကျေးရွာ ၁၄ ရွာ သောက်သုံးရေအခက်အခဲ ဖြစ်ခဲ့သောကြောင့် ရေဂါလန် ၃၀၀၀ ဆန့် ရေသယ်ယာဉ်နှစ်စီးနဲ့ ၂၆ ခေါက် သွားရောက် လှူဒါန်းခဲ့ရတယ်လို့ ဆိုပါတယ်။ အခုမေလထဲမှာတော့ ကျေးရွာ ၂၆ ရွာအထိ သောက်သုံးရေ အခက်အခဲဖြစ်​​လာတာကြောင့် ပြီးခဲ့တဲ့လထက် ကျေးရွာ ၁၂ ရွာ ပိုတိုးလာပြီး ​မေ ၂၉ ရက်​​အထိ ​ရေသယ်​ယာဉ်​ ၆၉ ​ခေါက်​ လှူဒါန်း​နေရတယ်​လို့ မ​နောဖြူအသင်းက​ ပြောပါတယ်​။ သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ကျေးရွာတွေကို ရေသွားရောက်လှူဒါန်းလိုတဲ့ အလှူရှင်တွေက ကျေးရွာအနီးအဝေးပေါ် မူတည်ပြီး ကားစက်သုံးဆီဖိုး လှူဒါန်းကြတာပါ။ သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ကျေးရွာ ၂၆ ရွာထဲက ကျေးရွာ ၄ ရွာမှာ စက်ရေးတွင်း ချို့ယွင်းပျက်စီးနေတာကာ ကျေးရွာ ၂၂ မှာ သောက်ရေကန်ခန်းခြောက်နေပြီး စက်ရေတွင်း တွေရှိပေမယ့် ရေငန်​​ရေခါးတွင်းတွေ ဖြစ်နေလို့ သောက်သုံးရေ အခက်အခဲဖြစ်နေတာလို့ သိရပါတယ်။ သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ကျေးရွာတွေကို ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ ဌာနဆိုင်ရာ အသီးသီးက အလှည့်ကျ သောက်သုံးရေ သွားရောက်လှူဒါန်းနေတာပါ။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024