DVB Logo
Home
Lead Story
ဘဲဥမအဖြစ် ၀ါဝါ၀င်းရွှေ နာမည်ကြီးခဲ့သည့်ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ထားသော “စရိုက်” ရုပ်ရှင်(နမူနာ)
DVB
·
May 28, 2019
ဘဲဥမအဖြစ် ၀ါဝါ၀င်းရွှေ နာမည်ကြီးခဲ့သည့်ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ထားသော “စရိုက်” ရုပ်ရှင်(နမူနာ)
Donate to DVB

မြန်မာအိမ်ထောင်ရေးနဲ့ ဘ၀သရုပ်ဖော်ဒရာမာပရိသတ်တွေ အကြိုက်တွေ့ကြမယ့် စရိုက်ရုပ်ရှင်ကို လာမယ့် မေလ ၃၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မိုက်မိုက်(ပြည်)ရဲ့ ဇာတ်လမ်းကို မိုးနီလွင်က ဇာတ်ညွှန်းခွဲပြီး ဒါရိုက်တာ သြရသက ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကတော့ ဒေါင်ဒေါင်မြည်တဲ့အသည်းအမည်နဲ့ ထွက်ရှိခဲ့ဖူးတဲ့ ရုပ်ရှင်ကားကို အသစ်တဖန်ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အခြေခံလူ တန်းစားတွေရဲ့ ဘ၀တွေထဲက ထူးခြားတဲ့ စရိုက်တွေနဲ့ အကြောင်းအရာတွေကို ရိုက် ကူးတင်ဆက်ထားခဲ့တာ ဖြစ်ပါတယ်။ အိမ်ထောင်ရေးကံမကောင်းတဲ့၊ ရပ်ကွက်ထဲ ထီက နဲဆို ထမီစွန်တောင်ဆွဲ ရန်ဖြစ်လုံးထွေးသတ်ပုတ်နေကျ မုန့်ဟင်းခါးသည် ဘဲဥမ၊ သမီး ဖြစ်သူ ပိုက်ဆံပုံးထဲက ပိုက်ဆံနှိုက်၊ အိမ်မှာ ဖဲဝိုင်းထောင်၊ ယောက်ျားတွေ တရုန်းရုန်းနဲ့ ရှိနေတတ်တဲ့ မိခင် မုဆိုးမ မရင်လှ၊ ဒါတွေကို ဘေးအိမ်က မြင်နေကျ၊ ဘဲဥမကို လိမ္မာ လာအောင် ဆုံးမသွန်သင်ချင်တဲ့ ရိုးရိုးအေးအေး ကျောင်းဆရာ လူပျိုကြီး ညိုထွန်းလူ၊ အ ပြောကောင်းကောင်းနဲ့ ရှုပ်ပွေတတ်တဲ့ ကားစပယ်ယာ တင်မောင်ဝင်းစတဲ့ ဇာတ်ကောင် တွေနဲ့ ဖန်တီးရိုက်ကူးထားတာ  ဖြစ်ပါတယ်။

ဒီကားထဲမှာ ၀ါရင့်နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ လူမင်း၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်နဲ့ လူငယ်သရုပ်ဆောင် ကျော်ထက်အောင်တို့က ခေါင်းဆောင်ပါဝင်ထား ကြတာ ဖြစ်ပါတယ်။

အရင်က ရုပ်ရှင်ကားထဲမှာတော့ ဘဲဥမအဖြစ် ၀ါရင့်သရုပ်ဆောင်မင်းသမီးကြီး ၀ါ ၀ါဝင်းရွှေက သရုပ်ဆောင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ မူရင်းရုပ်ရှင်နာမည်ပျောက်ပြီး ဘဲဥမရုပ်ရှင် ဆိုပြီး နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။

စရိုက်ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ရန် ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပါ။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်စာ မျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013