ကလေးမြို့နယ်တွင် ကျောက်မီးသွေးတွင်းပြိုကျ လူတချို့သေဆုံးပြီး တချို့ပိတ်မိနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကြက်ဖနက်ချောင်းဖျား၊ ပလူဇဝဒေသမှာ ထူးဟန်သစ်ကုမ္ပဏီက တူးဖော်နေတဲ့ ကျောက်မီးသွေးတွင်း မေလ ၂၇ ရက် ည ၁၂ နာရီလောက်က ပြိုကျခဲ့ပြီး  လူ ၄ ဦးသေဆုံးကာ လူတချို့ပိတ်မိနေပါတယ်။ ထူးဟန်သစ်ကုမ္ပဏီလုပ်ကွက်မှာ သီတင်း နှစ်ပတ်အတွင်း ကျောက်မီးသွေးတွင်း မတော်တဆမှု ဒုတိယ အကြိမ်ဖြစ်ပွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၉ ရက် ညနေ ၅ နာရီလောက်ကလည်း  ကျောက်မီးသွေး တူးဖော်ရာမှာ အသုံးပြုတဲ့ ယမ်းပေါက်ကွဲမှု ဖြစ်လို့  တရုတ်နိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်ကလည်း ထူးဟန်သစ်ကုမ္ပဏီလုပ်ကွက်မှာ ကျောက်မီးသွေးတွင်းလှိုင်ခေါင်းအမိုး မြေသားပြိုကျလို့ လုပ်သား ၁ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဓာတ်ပုံ-MOH

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up