DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်ဓာတ်အား လုံးဝမထုတ်လုပ်နိုင်တော့သည့် ရေအားလျှပ်စစ်စက်ရုံ ၆ ရုံအထိရှိနေ
DVB
·
May 27, 2019
လျှပ်စစ်ဓာတ်အား လုံးဝမထုတ်လုပ်နိုင်တော့သည့် ရေအားလျှပ်စစ်စက်ရုံ ၆ ရုံအထိရှိနေ
Donate to DVB

မြန်မာပြည်မှာ တည်ဆောင်ထားတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေအနက် ရေအား လျှပ်စစ် စက်ရုံစီမံကိန်း ၆ ခု အနေနဲ့ လျှပ်စစ်ဓာတ်အား လုံးဝထုတ်လုပ်နိုင်ခြင်းမရှိတဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။

မေလ ၂၇ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဆိပ်ကမ်းမဲဆန္ဒနယ် ကိုယ်စားလှယ်တင်သွင်းထားတဲ့ ၂၀၃၀ ပြည့်နှစ်မှာ လျှပ်စစ် ၁၀၀ ရာခိုင်နှုန်း ရရှိရေးအတွက် ဝန်ကြီးဌာနအနေနဲ့ တိကျတဲ့မူဝါဒနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းတဲ့အဆိုအပေါ် ဒုဝန်ကြီးက ရှင်းလင်းပြောဆိုလိုက်တာပါ။

“လက်ရှိ အခြေအနေလေးကို လွှတ်တော်ကိုယ်စားလှယ်ကြီးများသိအောင် တင်ပြလိုပါတယ်။ ဇောင်းတူ ရေအားလျှပ်စစ်စီမံကိန်းဟာ လျှပ်စစ်ထုတ်လုပ်နိုင်မှု လုံးဝမရှိတော့ ပါဘူး။ မုန်းရေအား လျှပ်စစ်ဟာ လျှပ်စစ်ထုတ်လုပ်နိုင်မှု လုံးဝမရှိတော့ပါဘူး။ ကျူးရေအား လျှပ်စစ်စီမံကိန်းဟာ လျှပ်စစ်ထုတ်လုပ်နိုင်မှု လုံးဝမရှိတော့ပါဘူး။ မြစ်သာ ရေအားလျှပ်စစ်စီမံကိန်းဟာ လျှပ်စစ်ထုတ် လုပ်နိုင်မှု လုံးဝမရှိတော့ပါဘူး။ ရာဇကြို ရေအားလျှပ်စစ်စီမံကိန်းဟာ ထုတ်လုပ်နိုင်မှုမရှိပါဘူး။ တာပိန်ရေအားလျှပ်စစ်ဟာ ထုတ်လုပ်နိုင်မှု လုံးဝမရှိပါဘူး” လို့ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းတင်ပြခဲ့ပါတယ်။

အဲဒီ ရေအားလျှပ်စစ်စီမံကိန်းတွေအနေနဲ့ ယခုနှစ်အတွင်းမှသာ လျှပ်စစ်ထုတ်လုပ်နိုင်ခြင်း မရှိတော့တဲ့ အခြေအနေမျိုး ဖြစ်ပေါ်ခဲ့တာလို့လည်း ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဒုဝန်ကြီးက “ယခင့်ယခင် နှစ်တွေက ဒီလောက်အခြေအနေ မဆိုးခဲ့ပါဘူး။ အခုနှစ်မှာတော့ အထူးမြင့်မားတဲ့ ရာသီဥတုရယ်။ လစဉ်ရေဝင်တဲ့ နှုန်းထားတွေဟာ ယခင်နှစ်များထက် ထူးကဲစွာ လျော့နည်းသွားတာလည်း တွေ့ကြုံရပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

ကျန်ရှိတဲ့ တခြားရေအားလျှပ်စစ်စီမံကိန်းတွေအနေနဲ့လည်း တချို့က တနေ့တာလုံး လျှပ်စစ် ထုတ်လုပ်နေနိုင်တဲ့အခြေအနေမှာ တည်ရှိနေပေမယ့် တချို့ကတော့  တနေ့ကို ၂ နာရီ ထုတ်လိုက်နိုင်ပြီး တချို့ကတော့ တနေ့ ၄ နာရီသာ ဓာတ်အားထုတ်နိုင်တယ်လို့လည်း ဒုဝန်ကြီးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013