အမေရိကန် အိုကလာဟိုးမားပြည်နယ်တွင် လေဆင်နှာမောင်းတိုက်၊ ၂ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် အယ်လ်ရေနိုမြို့က ရွေ့လျားကားအိမ်တွေ ရပ်နားရာ ဥယျာဉ်တခုနဲ့ ဟိုတယ်အသေးတလုံးကို လေဆင်နှာမောင်း ဖြတ်သန်းတိုက်ခတ်ခဲ့လို့ လူ ၂ ယောက်ထက်မနည်း သေဆုံးတယ်လို့ မြို့တော်ဝန်က မေလ ၂၆ ရက်မှာ ပြောပါတယ်။ လေဆင်နှာမောင်းဟာ အိုကလာဟိုးမား အနောက်ဘက် မိုင် ၃၀ အကွာမှာ မေလ ၂၅ ရက် ညနက်ပိုင်းက တိုက်ခတ်ခဲ့တာပါ။ ည ဆယ်နာရီခွဲအချိန်မှာ လေဆင်နှာမောင်း သတိပေးဥသြ ဆွဲခဲ့တယ်၊ လူ ၂ ယောက်သေပြီး အတော်များများ ဒဏ်ရာရခဲ့တယ်လို့ မြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လေဆင်နှာမောင်းကြောင့် ဟိုတယ်ရဲ့ ဒုတိယထပ် လုံးဝမရှိတော့တဲ့အထိ ဖြစ်ခဲ့တဲ့အပြင်  အရေးပေါ်ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်နေကြဆဲလို့ မြို့တော်ဝန်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up