Home
ရုပျသံ
အကြမ်းစားမက်တယ်လ်ရော့ခ်သီချင်းများဖြင့် The Voice Myanmar အဆင့် ၄ ဆင့် ဖြတ်ကျော်ခဲ့ သည့် နိုဗန်ထူး(ရုပ်သံ)
DVB
·
May 27, 2019
    ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို ကျင်းပလာခဲ့တာဟာ Blind Audition၊ Battle Round၊ KnockOut Round နဲ့ Liveshow အဆင့်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။     ဒီပြိုင်ပွဲတွေတလျှောက်မှာတော့ ထူးခြားပြီး အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တွေ များစွာ ပါဝင်ခဲ့ပြီး သူတို့ထဲက နိုဗန်ထူးကလည်း ထင်ရှားတဲ့ ပြိုင်ပွဲဝင်တယောက် ဖြစ်နေခဲ့ပါတယ်။     အကြမ်းစား အပြင်းစား မက်တယ်လ်ရော့ခ် သီချင်းတွေကိုမှ ရွေးချယ်သီဆိုယှဉ်ပြိုင်တဲ့ နိုဗန်ထူးဟာ မနေ့က ကျင်းပခဲ့တဲ့ LiveShow အဆင့်ပြိုင်ပွဲကိုလည်း ပရိသတ်ပေး တဲ့ Voting အများဆုံးနဲ့ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။     LiveShow အဆင့် ပြိုင်ပွဲမှာတော့ Coach တခုစီက အဖွဲ့ဝင် ၄ ဦးက သီချင်း ပုဒ်စီနဲ့ ယှဉ်ပြိုင်ရတာဖြစ်ပြီး ပရိသတ်ကပေးတဲ့ Voting အများဆုံးပြိုင်ပွဲဝင်နဲ့ ကျန်သုံးဦးထဲက Coach က ရွေးချယ်တဲ့ ပြိုင်ပွဲဝင် ၁ ဦး၊ ၂ ဦးသာ နောက်တဆင့်ကို တက်ရောက်နိုင်တာ ဖြစ်ပါတယ်။     မနေ့က ကျင်းပခဲ့တဲ့ ပထမသီတင်းပတ် LiveShow အဆင့်ပြိုင်ပွဲမှာတော့ Coach နီနီခင်ဇော်နဲ့ ကျားပေါက်တို့ရဲ့ အဖွဲ့ ၂ ဖွဲ့က တင်ဆက်ဖျော်ဖြေပြီး ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။     Coach ကျားပေါက်ရဲ့ အဖွဲ့မှာတော့ ညိုမီမီထွန်း၊ Judson Fish၊ စီကိုနဲ့ နိုဗန်ထူးတို့က သီချင်းတပုဒ်စီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။     ညိုမီမီထွန်းက လေးဖြူရဲ့ ငါ့ရဲ့လမင်းသီချင်းကို ပုံစံတမျိုးနဲ့ သီဆိုဖျော်ဖြေသွားခဲ့ပြီး Judson Fish ကတော့ ဇော်ပိုင်ရဲ့ အမောပြေသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။     နိုဗန်ထူးနဲ့ စီကိုတို့ကတော့ ဒီတပတ်မှာ အင်္ဂလိပ်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြတာကို တွေ့ရပါတယ်။     စီကိုက အမေရိကန်ရော့ခ်တေးဂီတ အဖွဲ့တဖွဲ့ဖြစ်တဲ့ Breaking Benjamin ရဲ့ So Cold သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နိုဗန်ထူးကတော့ အမေရိကန် နျူမက်တဲလ်တေးဂီ တအဖွဲ့တဖွဲ့ဖြစ်တဲ့ Slipknot ရဲ့ Wait and Bleed သီချင်းနဲ့ အားမာန်ပါပါ သီဆိုဖျော် ဖြေခဲ့တာကို တွေ့ရပါတယ်။ မွန်ဝတ်စုံ၊ ကရင်ဝတ်စုံစတဲ့ ရိုးရာဖက်ရှင်တွေနဲ့ ပုံစံတမျိုး ထူးခြားနေပြီး အကြမ်း စားသီချင်းတွေနဲ့ သီဆိုဖျော်ဖြေတတ်တဲ့ နိုဗန်ထူးဟာ ပရိသတ်တွေကြားမှာလည်း ရေပန်းစားနေတဲ့ ပြိုင်ပွဲဝင်တယောက်ဖြစ်ပါတယ်။     နိုဗန်ထူးဟာ Blind Audition မှာတုန်းကလည်း  Slipknot ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ Spit It Out သီချင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Coach တဦးဖြစ်တဲ့ ကျားပေါက်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့တာပါ။ နောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့ သူက ပြိုင်ဘက် ခိုင်ဇံနဲ့ သီချင်းတပုဒ်ကို စုံတွဲသီဆိုပြီး ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအဆင့်မှာတော့ သူတို့ ၂ ယောက်ဟာ လေးဖြူသီဆိုထားတဲ့ အသုံးမကျတဲ့ နှင်းဆီသီချင်းနဲ့ အပြိုင်ကြဲ သီဆိုဖျော်ဖြေခဲ့ကြတာ ဖြစ်ပြီး ကျားပေါက်ရဲ့ ဆက်လက်ရွေးချယ်မှုနဲ့  နောက်တဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Knock Out Round မှာတော့ Coach ကျားပေါက်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင် ၄ ယောက် ဖြစ်ကြတဲ့ နိုဗန်ထူး၊ စီကို၊ အေးသဇင်မောင်နဲ့ Kim Kim တို့က သီချင်းတပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး နောက်ဆုံးမှာတော့ Coach ဖြစ်တဲ့ ကျားပေါက်ရဲ့ ရွေးချယ်မှုနဲ့ LiveShow အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ နိုဗန်ထူးက ပရိသတ်မဲအများဆုံးနဲ့ နောက်တဆင့်တက်ရောက် ခဲ့ပြီဖြစ်ကာ သူနဲ့အတူ ညိုမီမီထွန်းကလည်း Coach ကျားပေါက်ရဲ့ ရွေးချယ်မှုနဲ့ နောက်တဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024