သတင်းလွတ်လပ်ခွင့် ဓာတ်ပုံပြပွဲ ရန်ကုန်တွင်ကျင်းပ
ထွန်းထွန်းသိန်း
·
May 27, 2019
မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ရည်ရွယ်တဲ့ Press Freedom ဓာတ်ပုံပြပွဲကို
ရန်ကုန်မြို့ အော့ခစ်ဟိုတယ်မှာ မေလ ၂၇ရက် မနက်ကစတင် ခင်းကျင်းပြသနေပါတယ်။
မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေကို တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ အစိုးရ အဖွဲ့တွေကနေမကြာခဏဆိုသလို တရားစွဲဆိုမှုတွေရှိနေပြီး လွပ်လပ်စွာရေးသား ထုတ်ဖော်ခွင့်ကို ထိခိုက်နေတယ်လို့ မီဒီယာသမားတွေက ပြောပါတယ်။