Home
မြန်မာသတင်း
စိုက်ပျိုးရေးချေးငွေ ကျပ် ၈၄ ဘီလီယံအနက် ရခိုင်တောင်သူများ ၂၀ ဘီလီယံသာ ပြန်ဆပ်
DVB
·
May 27, 2019
46101409_916931715178491_2428331894492889088_o-622x350
46045285_916931491845180_3684661200676716544_o-622x350
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ မနှစ်ကထုတ်ချေးထားတဲ့ စိုက်ပျိုးရေးချေးငွေ ကျပ် ၈၄ ဒသမ ၄ ဘီလီယံအနက် ဘီလီယံ ၂၀ ကျော် ကိုသာ ရခိုင်ပြည်နယ်ရှိ တောင်သူတွေက ပြန်ဆပ်နိုင်ကြတယ်လို့ ရခိုင်ပြည်နယ်ဘဏ်ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုက တောင်သူပေါင်း ၁၁၀၀၀၀ ကျော်ကို ထုတ်ချေးခဲ့တာဖြစ်ပြီး အဲဒီချေးငွေတွေကို ၅ လအတွင်း ပြန်ဆပ်ရမှာဖြစ်ပေမယ့် တနှစ်ကြာမြင့်တဲ့ အချိန်အထိ အများစုမှာ ပြန်မဆပ်နိုင်သေးတာကြောင့် လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ထိခိုက် မှုတွေရှိနေ တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရခိုင်ပြည်နယ်မန်နေဂျာ ဦးအေးသိန်းကပြောပါတယ်။ ချေးငွေပြန်မဆပ်နိုင်တဲ့ တောင်သူတွေကို ပထမဆုံးအနေနဲ့ ဘဏ်ဥပဒေစည်း မျဉ်းစည်းကမ်းတွေအရ စည်းရုံးကောက်ခံမှာဖြစ်ပြီး လုံးဝစည်းရုံးလို့ မရတဲ့သူတွေကိုတော့ ဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ လယ်မြေမကောင်းတာကြောင့် စပါးအထွက်နှုန်းကျဆင်းတာ၊ လယ်မြေထဲကို ဆားငံရေဝင်ရောက်တာ၊ အလုပ်သမားရှားပါးလို့ အခကြေးငွေပိုပေးရတာ စတဲ့အခက် အခဲတွေကို တောင်သူလယ်သမားတွေအနေနဲ့ ရင်ဆိုင်နေရတာကြောင့်လည်း သတ်မှတ်ချိန် အတွင်း ပြန်ဆပ်ဖို့ ကြန့်ကြာနေကြရတာ ဖြစ်ပါတယ်။ မနှစ်က ဒီအချိန်မှာဆိုရင် ချေးငွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ရရှိထားပြီဖြစ်ပေမယ့် ဒီနှစ်မှာတော့ ၂၅ ရာခိုင်နှုန်းလောက်သာ  ပြန်လည် ရရှိသေးတာ လည်း ဖြစ်ပါတယ်။ တနှစ်ချေးထားတဲ့ ငွေကို ပြန်ဆပ်နိုင်သူတွေကိုသာ ပြန်လည်ထုတ်ချေးမှာဖြစ်လို့ တတ်နိုင်တဲ့ တောင်သူတွေ ပြန်ဆပ်ကြဖို့လိုအပ်ပြီး  ပြန်ဆပ်နိုင်တဲ့ တောင်သူတွေကို ထပ်မံ ချေးယူခွင့်ပြုတယ်လို့လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024