Home
မြန်မာသတင်း
ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေး ထောက်ခံကြိုဆိုပွဲ ပြုလုပ်
DVB
·
May 26, 2019
60904864_826551831055107_5604720399003680768_n
60904864_826551831055107_5604720399003680768_n
60904864_826551831055107_5604720399003680768_n
60892733_826551804388443_8126011925701066752_n
မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းက ဦးဆောင်ပြီး ပုဂံဒေသကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း ၂၀၁၉ ဝင်ရောက်နိုင်ရေး ထောက်ခံကြိုဆိုပွဲကို မေ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဝန်ကြီးများရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပုဂံဒေသ ယူနက်စကိုဝင်ရေးအတွက်ဆောင်ရွက်ရာမှာ ပျူခတ် မြောက်ဦးဒေသတို့ထက် အခက်အခဲတွေ အများကြီးကြားက ဆောင်ရွက်ခဲ့ရပြီး ပုဂံကစေတီစာရင်းတွေအစ အသေးစိတ် ပြန်လည်ကောက်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ လူနေမှုဘဝတွေကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းလွင်က ပြောပါတယ်။ ပုဂံရှေးဟောင်းဒေသကြီးကို ကမ္ဘာ့အမွေအနှစ် World Heritage Site ဖြစ် မဖြစ်၊ တရားဝင်ကြေညာခြင်းကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဆုံးဖြတ်ရေး ၂၁ နိုင်ငံပါ ကော်မတီက ၂၀၁၉ ခုနှစ် ဇွန်လမှာ အာဇာဘိုင်ဂျန်နိုင်ငံမှာ အစည်းအဝေးဆုံးဖြတ် ကြေညာတော့မှာ ဖြစ်ပါတယ်။ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ တင်သွင်းကြိုးစားတာဟာ အခုအကြိမ်မှာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ်အနေနဲ့ ၁၉၉၆ ခုနှစ်ကလည်း nomination dossierလို့ ခေါ်တဲ့ အဆိုပြုလွှာကို တင်သွင်းခဲ့ဖူးပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပျူဒေသတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဗိဿနိုးနဲ့ ဟန်လင်းဒေသတွေကို မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကိုက သတ်မှတ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024