သြစတြေးလျကောင်းကင်ယံတွင် ဥက္ကာခဲဟုယူဆရသည့် အရာတခု တွေ့ရှိ (ရုပ်သံ)

ဥက္ကာပျံလို့ယူဆရတဲ့ မီးကျည်ရောင်လို တောက်ပတဲ့ အလင်းရောင်တခုကို ပြီးခဲ့တဲ့ မေလ ၂၁ ရက်ညက သြစတြေးလျတောင်ပိုင်း ကောင်းကင်မှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို အဒိလိတ်အရပ်မှာနေထိုင်တဲ့ ဒေသခံတွေက မှတ်တမ်းတင်ဓာတ်ပုံ၊ ဗွီဒီယိုများရိုက်ကူးကာ လူမူကွန်ရက်ပေါ် ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒီဥက္ကာခဲကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့သူတွေထဲမှာ သြစတြေးလျတောင်ပိုင်း ရဲတပ်ဖွဲ့လည်း ပါဝင်ခဲ့ပြီး ဥက္ကာခဲဟာ မီးလောင်ကျွမ်းလျက် အောက်ကိုပြုတ်ကျလာပြီး နောက်ဆုံး ဂမ်ဘီယာတောင်ပေါ်မှာ လောင်ကျွမ်းပျောက်ကွယ်သွားခဲ့တဲ့ ဗွီဒီယိုဖိုင်တခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး သြစတြေးလျ အာကာသအဖွဲ့အစည်းက “ဒါဟာ ကမ္ဘာ့လေထုထဲကို ဝင်ရောက်လာတဲ့ ဂေါ်လီလုံးအရွယ် အာကာသအမှုန် တခုဖြစ်ကြောင်း” ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up