Home
မြန်မာသတင်း
ရန်ကုန်တွင် ရှေးဟောင်းအမွေအနှစ်ပြပွဲ ပြုလုပ်
ပြည့်ဘုန်းအောင်
·
May 26, 2019
61377533_10157484292326694_5849464549110972416_n
ရန်ကုန်မြို့မှာ ဖြိုဖျက်ခံနေရတဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အဦတွေရဲ့ စိုးရိမ်ဖွယ်အခြေအနေကို ပြသနိုင်ဖို့ရည်ရွယ်ပြီး ရှေးဟောင်းအမွေအနှစ်ပြပွဲကို ရန်ကုန်မှာ ပြုလုပ်နေပါတယ်။ ဒီပြပွဲမှာ ရန်ကုန်မြို့ရဲ့ အရေးပါတဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေနဲ့ ဆက်စပ်နေတဲ့ လက်ရာပစ္စည်း အသုံးအဆောင်တွေ၊ လူတယောက်နဲ့ တယောက်နဲ့ ခေတ်တခေတ်နဲ့တခေတ် ဖြတ်သန်းခဲ့တဲ့အတိတ်ကာလတွေကို ပြန်လည်မြင်ယောင်စေပါတယ်။ ပြပွဲကိုတော့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းအောက်ဘက်က yangon heritage ရုံးမှာ မေလ ၂၅ ရက်နေ့ထဲက စတင်ပြသနေတာဖြစ်ပြီး ၆ လတိတိ အခမဲ့ပြသသွားမှာပါ။ our heritage our future လို့ အမည်ပေးထားတဲ့ ဒီပြပွဲကို ဗိသုကာ ဦးအောင်စိုးမြင့်နဲ့ ပန်းချီထိန်လင်းတို့က ပူးပေါင်းဆောင်ရွက်တာပါ။ လူတွေ၊ နေရာတွေ၊ အမှတ်တရတွေ၊ သမိုင်းဝင်ပစ္စည်းတွေအကြား ဆက်နွှယ်မှုတွေကို ပြသထားတဲ့ ဒီပွဲကိုတော့ ရှေးဟောင်းအမွေအနှစ်တွေကို စိတ်ဝင်စားတဲ့ပြည်သူအများအပြားက လာရောက်ကြည့်ရှုကြပါတယ်။ ဒါ့အပြင် ကိုယ့်အိမ်မှာရှိတဲ့သမိုင်းဝင် ပစ္စည်းတွေနဲ့ ဆက်စပ်နေတဲ့အကြောင်းအရာတွေ ကိုလည်း ဒီပြပွဲမှာ လာရောက်ပြသနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ပြပွဲမှာပြသထားတဲ့ လက်ရာယဉ်ကျေးမှုတွေကတော့ ကိုလိုနီခေတ် မတိုင်ခင်၊ ကိုလိုနီခေတ်နှောင်းပိုင်းနဲ့ ဆိုရှယ်လစ်ကာလက ပုံရိပ်တွေနဲ့ ဆက်စပ်နေတဲ့ ဟာတွေကို အဓိက ပြသထားတာပါ။     yangon heritage ဟာ ၂၀၁၂ခုနှစ်ထဲက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ မြို့ပြအမွေအနှစ်တွေနဲ့ပတ်သက်ပြီး ထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ အများပြည်သူကို အသိပညာ မျှဝေဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024