၂၀၁၄ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးလွှတ်တော်ကို ထိုင်းဘုရင် ဖွင့်လှစ်ပေး

၂၀၁၄ ထိုင်းစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘုရင် ၀ဂျီရာလောင်ကွန်းက မေလ ၂၄ ရက်မှာ နိုင်ငံရဲ့ ပထမဆုံး လွှတ်တော်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ မိဖုရား ဆုသီဒါ နဲ့အတူ ဘုရင်လောင်ကွန်းက လွှတ်တော်အမတ်အားလုံး သူတို့ရဲ့ တာဝန်ဝတ္တရားတွေ သိရှိကြပါစေလို့ ပြောကြားခဲ့ပါတယ်။ လွှတ်တော် အစည်းအဝေးကို သံအမတ်ကြီးတွေ၊ စစ်ဘက်ခေါင်းဆောင်တွေနဲ့ ဘုရင့် အကြံပေးကောင်စီတို့လည်း တက်ရောက်ကြပါတယ်။ အဲဒီလွှတ်တော်ကနေ နောက်ဝန်ကြီးချုပ်သစ်ကို ရွေးချယ်မှာ ဖြစ်ပြီး အဲဒီ ၀န်ကြီးချုပ်ကပဲ နောက်လထဲမှာ အစိုးရအဖွဲ့ကို ဖွဲ့စည်းမှာပါ။ ဒါပေမယ့် ရွေးကောက်ပွဲ ရလဒ် ကွဲကွဲပြားပြား သိပြီးမှပဲ အစိုးရဖွဲ့ပုံကို တိတိကျကျ သိရမှာပါ။  စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ပါတီကတော့ စစ်အစိုးရရေးဆွဲတဲ့ ဖွဲ့စည်းပုံ ဥပဒေအောက်မှာ လက်ရှိ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ အသာစီးရပြီး  အာဏာမြဲစေဖို့ မျှော်လင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up