အင်ဒိုရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ပရာဘိုဝို တရားရုံးကို တိုင်ကြားစာ တင်သွင်းရန်ပြင်ဆင်

အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့သူ ပရာဘိုဝိုက ရွေးကောက်ပွဲ ရလဒ်အပေါ် စောဒကတက်တဲ့ တိုင်ကြားစာကို မေလ ၂၄ ရက်က ဖွဲ့စည်းပုံဥပဒေဆိုင်ရာ တရားရုံးကို တင်သွင်းဖို့ ပြင်ဆင်နေပါတယ်။ ဒုသမ္မတ ကိုယ်စားလှယ်လောင်း ဆန်ဒီယာဂါအူနိုက ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ မကျေနပ်တဲ့အတွက် ပြည်သူတွေနဲ့ ဆန္ဒနဲ့အညီ ဖွဲစည်းပုံဥပေဒဆိုင်ရာ ခုံရုံးမှာ တရားစွဲဆိုသွားမယ်လို့ ပြောခဲ့တာပါ။ သူက ရွေးကောက်ပွဲ ရလဒ်တွေဟာ တရားမျှတတယ်ပြောဖို့ ခက်တယ်လို့ ဆိုပါတယ်။  ဧပြီလ ၁၇ ရက် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ၀ီဒိုဒိုက ထောက်ခံမဲ ၅၅ ဒသမ ၅ ရာခိုင်နှုန်း ရပြီး ဗိုလ်ချုပ်ကြီးးဟောင်း ပရာဘိုဝိုက ၄၄ ဒသမ ၅ ရာခိုင်နှုန်း ရရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့တာပါ။ ဒါပေမယ့် အဲဒီလို ကြေညာပြီးနောက်မှာ ပရာဘိုဝိုက ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေ အများအပြား ရှိတယ်ဆိုတာကို ထပ်တလဲလဲ ပြောကြားပြီး  ပရာဘိုဝို ထောက်ခံသူတွေကလည်း ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင် ဆန္ဒပြကြပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲလိမ်တဲ့ အထောက်အထား မရှိဘူးလို့ ပြောပြီး သီးခြားစောင့်ကြည့်လေ့လာသူတွေကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတလို့ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up