DVB Logo
Home
မြန်မာသတင်း
ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့ အပြိုင်သရုပ်ဆောင်ထားသည့် “ဧည့်သည်” ရုပ်ရှင် (နမူနာ)
DVB
·
May 24, 2019
ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့ အပြိုင်သရုပ်ဆောင်ထားသည့် “ဧည့်သည်” ရုပ်ရှင် (နမူနာ)
Donate to DVB

ပရိသတ်ကြား ရေပန်းစား လူကြိုက်များတဲ့ လူငယ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့ ပါဝင်တဲ့ ဧည့်သည်အမည်ရတဲ့ ရုပ်ရှင်ကို လာမယ့် မေလ ၃၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မိုး နီလွင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ နေလ၊ မြူမိုး၊ နှင်းနုစတဲ့ လူငယ် ဇာတ်ကောင်တွေရဲ့ ဆွတ်ပျံ့ လွမ်းမောစရာ အချစ်ဇာတ်လမ်းကို လှလှပပ ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပြီး ဘယ်လို အလှည့်အပြောင်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲဆိုတာကို တော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့နဲ့အတူ ဧည့်သည်သရုပ်ဆောင်အ ဖြစ် ဖြိုးငွေစိုးကလည်း ပါဝင်အားဖြည့်ထားခဲ့ပြီး တခြားသရုပ်ဆောင်တွေလည်း အများ ကြီးပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားဟာ ရွှေမှုံရတီနဲ့ ရွှေထူးတို့ ပထမဆုံးဆုံတဲ့ ရုပ်ရှင်ကားကြီးလည်း ဖြစ်သလို ရွှေထူးရဲ့ သရုပ်ဆောင်မှုတွေအပေါ်လည်း ကောင်းမွန်တဲ့ ဝေဖန်မှတ်ချက်တွေ ရရှိထားတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။

Beauty Blogger တယောက်အနေနဲ့ လူသိများတဲ့ နေခြည်ဦးကတော့ ဒါဟာ သူ့ ရဲ့ ဒုတိယမြောက် ရုံတင်မယ့် ရုပ်ရှင်ကားဖြစ်လာပြီး ပထမဆုံးရုံတင်ခဲ့တဲ့ ရန်သူရုပ်ရှင်နဲ့ တင် အမှတ်ပေးခံခဲ့ရတဲ့ သူ့အတွက် နောက်ထပ်မှတ်တိုင်တခုပဲ ဖြစ်နေပါတယ်။

ဧည့်သည်ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ရန် ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားမှာ ရေပန်းစား နေခဲ့တာပါ။

ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013