Home
မြန်မာသတင်း
ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး နုတ်ထွက်
DVB
·
May 24, 2019
ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီ ဦးတေဇထွဋ်လှိုင်ထွေးကို သူ့ရဲ့ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ သမ္မတရုံးက မေလ၂၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နဲ့ ပြည်နယ်အစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၅၂၊ ပုဒ်မခွဲ (ခ) တို့ပါ ပြဋ္ဌာန်းချက်တွေအရ နုတ်ထွက်ခွင့်ပြုတာလို့လည်း ဆိုထားပါတယ်။ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး အနေနဲ့ ဖူဆယ်ဘောလုံးကွင်း ဆောက်လုပ်ဖို့ ခွင့်ပြုဘတ်ဂျက် မရတဲ့အတွက် လုပ်ငန်းတာဝန်တွေကနေ နုတ်ထွက်ခွင့်ပြုဖို့ စာတင်တာလို့  ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ကရင်ပြည်နယ်အစိုးရရဲ့ တတိယ ၁ နှစ်တာ လုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲအပြီးမှာ ပြောဆိုထားပါတယ်။ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးဟာ ကရင်ပြည်နယ် ဘောလုံး လက်ရွေးစဉ်ဟောင်းတဦးဖြစ်သလို ပြည်နယ် အန်အယ်လ်ဒီပါတီရဲ့ လူငယ်ခေါင်းဆောင်တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကရင်ပြည်နယ်ကနေ ဗမာတိုင်ရင်းသားကိုယ်စားပြု ပြည်နယ်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရသူ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024