Home
မြန်မာသတင်း
မမှန်မကန် ပစ်စာတိုင်ကြားသူများကိုအရေးယူရန် လပွတ္တာမြို့တွင် ဆရာ ဆရာများဆန္ဒပြ
DVB
·
May 23, 2019
မမှန်ကန်တဲ့ ပစ်စာတွေကြောင့် ဆုံးရှုံးနစ်နာရတာတွေနဲ့ အခွင့်အရေးနစ်နာမှုတွေအတွက် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့မှာ ရာနဲ့ချီတဲ့ ပညာရေးဝန်ထမ်း ဆရာဆရာမတွေ  မနေ့ညနေက ဆန္ဒပြခဲ့ကြပါတယ်။ ပစ်စာကိစ္စနဲ့ ပညာရေး စီမံကိန်းတွေအတွက် ဘတ်ဂျက်အချိန်မီ ချမပေးတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ လပွတ္တာမြို့နယ်မှာ အစဉ်အလာတခုလိုဖြစ်နေတဲ့ ပင်စင်စားဆရာဆရာမကြီးတွေကို ပညာရေးဝန်ထမ်းတွေရဲ့ ထည့်ဝင်တဲ့ငွေနဲ့ အလှည်ကျထောက်ပံ့တာတွေရှိပေမယ့် ငွေကြေး မကောက်ခံရဆိုတဲ့ ညွှန်ကြားစာအရ ဆက်လက်ထောက်ပံ့လို့ မရတော့တာကြောင့်လည်း အခုလို ဆန္ဒပြရတာလို့  မူလတန်းကျောင်းအုပ်ဆရာ ဦးအောင်ဇော်ထွန်းက ပြောပါတယ်။ ဒါ့အပြင် ဘတ်ဂျက်အချိန်မီ ချမပေးပဲ တာဝန်ပေးစေခိုင်း တာတွေကိုလည်း ရပ်တန့်ပေးဖို့ ၊ အစိုးရဘဏ္ဍာငွေမလုံလောက်ပါက ပညာရေးလုပ်ငန်းတွေ ရပ်နားထားဖို့ လည်း ဆရာဆရာမတွေက တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့ အလယ်တန်းပြဆရာမ ဒေါ်ခင်မာစိုးကတော့ “ ဆရာမတွေအနေနဲ့ လည်းနယ်တွေမှာတာဝန်ထမ်းဆောင်တဲ့အခါ လုံခြုံမှုမရှိတာတွေနဲ့လည်းကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။ မကြာသေးခင်ကလည်း  လပွတ္တာခရိုင်၊ မော်ကျွန်းမြို့က ပညာရေးမှူး ဆရာကြီးတဦးကို ဆရာဆရာမတွေရဲ့လစာထဲကနေ ငွေ ၅၀၀ ကျပ်စီဖြတ်တောက်တယ်ဆိုတဲ့ ပစ်စာတစောင်ြေ ရာထူးလျော့ကာ နယ်ပြောင်းရွှေ့ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ပစ်စာတိုင်ကြားသူရဲ့ လိပ်စာမပါရင် ဌာနဆိုင်ရာက အရေးယူမှုမပြုရေး၊ ပစ်စာတိုင်ကြားသူကို သက်သေအဖြစ်ထည့်သွင်း စစ်ဆေးပေးရေး၊ မဟုတ်မမှန်တိုင်ကြားသူကို ဌာနက တရားစွဲဆိုပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့  ဒေသခံ ဆရာ ဆရာမ ၅၀၀ လောက်က မနေ့က လပွတ္တာမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သတင်း- သော်ဇင်မျိုး / ဓာတ်ပုံ-မြမင်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024