ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ကွင်းလယ်လူ ကန်တေ ပါဝင်နိုင်မည်ဟု ချဲလ်ဆီးနည်းပြ အတည်ပြု

ဓာတ်ပုံ - Chelsea FC
ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ကွင်းလယ်ကစားသမား ကန်တေ ပါဝင်ကစားနိုင်မယ်လို့ ချဲလ်ဆီးနည်းပြ ဆာရီက အတည်ပြုလိုက်ပါတယ်။ ကွင်းလယ်လူ ကန်တေဟာ ဝတ်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရခဲ့တာဖြစ်ပြီး အသင်းရဲ့ ပွဲစဉ်နှစ်ပွဲကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့က အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ရှိတယ်လို့ နည်းပြဆာရီက ပြောကြားခဲ့တာပါ။ ဒါပေမယ့် နောက်ခံလူ ရူဒီဂါ၊ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ လော့ဖ်တပ်စ်ချိခ်နဲ့ ဟတ်ဆန်အိုဒွိုင်းတို့ကတော့ လွဲချော်မှာဖြစ်တယ်လို့ ဆာရီက အတည်ပြုခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို မေလ ၂၉ ရက်မှာ ယှဉ်ပြိုင်ကြမှာပါ။ အရန်ကစားသမား ၁၂ ဦးအထိ ကွင်းထဲကို ခေါ်ယူနိုင်မှာဖြစ်ပြီး လူစားလဲမှု သုံးဦးပြည့်ပြီးလို့ အချိန်ပို ဆက်ကစားရမယ်ဆိုရင် နောက်တဦး လူစားလဲခွင့်ရရှိမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up